မူးယစ်ရာဇာနဲ့ Sean Penn တွေ့ဆုံခဲ့

  • 10 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption Guzman နဲ့ Sean Penn တို့ဟာ Guzman ရဲ့ လျို့ဝှက် ပုန်းအောင်း ရာ နေရာမှာ တွေ့ဆုံ ခဲ့

မက်ဆီကို နိုင်ငံက ပြန်လည် ဖမ်းဆီး ရမိခဲ့တဲ့ မူးယစ် ဂိုဏ်း ခေါင်းဆောင် Guzman ဟာ ဟောလီးဝုဒ် က နာမည်ကျော် သရုပ်ဆောင် ဖြစ်သူ Sean Penn နဲ့ ဆက်သွယ်ခဲ့ ကြောင်း တာဝန်ရှိသူတွေက ပြောကြား လိုက်ပါတယ်။

ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလ က မူးယစ် ဂိုဏ်းခေါင်းဆောင် Guzman နဲ့ Sean Penn တို့ဟာ Guzman ရဲ့ လျို့ဝှက် ပုန်းအောင်း ရာ နေရာမှာ တွေ့ဆုံ ခဲ့တာတွေကို တာဝန်ရှိသူတွေ အနေနဲ့ သိရှိထား တယ်လို့ ဆိုပါတယ်။

တွေ့ဆုံပွဲကို မက်ဆီကန် သရုပ်ဆောင် တစ်ဦး ဖြစ်သူ Kate del Castillo က စီစဉ် ပေးခဲ့တာ ဖြစ်ပြီး Guzman ရဲ့ မူးယစ်ဆေးဝါး လုပ်ငန်းတွေရှိတဲ့ Sinaloa ပြည်နယ် ထဲမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ဟောလီးဝုဒ် ရဲ့ နာမည်ကြီး သရုပ်ဆောင် ရှောင်ပင်း က သူ့ အနေနဲ့ မူးယစ် ဂိုဏ်း ခေါင်းဆောင် ကို တွေ့ဆုံ အင်တာဗျူးခဲ့ရတာ က အမေရိကန် နိုင်ငံ အတွင်းမှာ မူးယစ် ဆေးစွဲမှုတွေ နဲ့ အကြမ်းဖက်မှု တွေ ဖြစ်ပွား နေတာတွေဟာ ဆက်နွယ် နေတာကြောင့် သိရှိလိုတဲ့ အတွက် တွေ့ဆုံ ခဲ့တာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ