စာအုပ်ဆိုင်ရှင်တွေ အတွက် ဟောင်ကောင်မှာ ဆန္ဒပြ

  • 10 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption စာအုပ်ရောင်းချသူ တွေကို တရုတ် အစိုးရ တာဝန် ရှိသူတွေက ထိန်းသိမ်းထားတာ ဖြစ်တယ်လို့ ပြော

ဟောင်ကောင် မှာ ထောင်နဲ့ ချီတဲ့ လူတွေဟာ စာအုပ်ရောင်းချသူ ၅ ယောက် ပျောက်ဆုံး ခဲ့တဲ့ အတွက် ဆန္ဒပြမှုတွေ ပြုလုပ်နေပါတယ်။

ဆန္ဒပြသူတွေဟာ စာအုပ်ရောင်းချသူ တွေကို တရုတ် အစိုးရ တာဝန် ရှိသူတွေက ထိန်းသိမ်းထားတာ ဖြစ်တယ်လို့ ပြောကြား နေပါတယ်။

ပျောက်ဆုံး နေတဲ့ စာအုပ် ရောင်းချသူ ၅ ယောက်ဟာ တရုတ် အစိုးရ ကို ဝေဖန် တဲ့ စာအုပ် တွေ ကို ထုတ်ဝေ ရောင်းချတဲ့ စာအုပ် ဆိုင်နဲ့ ပါတ်သက် ဆက်နွယ် မှုတွေ ရှိနေပါတယ်။

စာအုပ်ရောင်းချ သူတွေထဲက ၃ ယောက်ဟာ တရုတ် နိုင်ငံထဲမှာ ပျောက်ဆုံး ခဲ့တာ ဖြစ်ပြီး ၁ ယောက်က ထိုင်း နိုင်ငံကို အလည်အပါတ် သွားရောက်စဉ် ပျောက်ဆုံး ခဲ့တာပါ။

နောက်ထပ် တစ်ယောက် ကတော့ ဟောင်ကောင်က စာအုပ် ဂိုဒေါင် ကို သွားရောက်စဉ် လမ်းမှာ ပျောက်ဆုံး ခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ တရုတ် အစိုးရက ခန့်အပ် ထားတဲ့ အုပ်ချုပ်ရေးမှူး ရုံးခန်း ရှိရာကို ဦးတည် ချီတက် နေကြပြီး လွတ်လပ်စွာ ပြောဆို ခွင့်နဲ့ ရေးသား ထုတ်ဝေခွင့် တွေ ပျောက်ဆုံး ခဲ့ပြီ ဖြစ်ကြောင်း ပြောကြား နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ