ဘဂ္ဂဒက် နဲ့ အရှေ့ပိုင်းမြို့တွေမှာ အတိုက်အခိုက် ခံရ

  • 11 ဇန်နဝါရီ 2016
baghdad_attack_
Image caption အီရတ် အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက ကုန်တိုက်ထဲ ဝင်ရောက် ရှင်းလင်း ခဲ့ကြတာ မှာ လက်နက်ကိုင် ၂ ဦး သေဆုံး။

အီရတ် နိုင်ငံ မြို့တော် ဘဂ္ဂဒက် အပါအဝင် အရှေ့ပိုင်း မြို့တွေ ဖြစ်တဲ့ မုဂ်ဒါဒီယာ နဲ့ ဘာကူဘာ တို့မှာ လက်နက်ကိုင် တွေ ရဲ့ တိုက်ခိုက်မှု တွေ စုစုပေါင်း ၄ ကြိမ် ဖြစ် ပေါ် ခဲ့ပါတယ်။

အဲဒီလို တိုက်ခိုက် ခံခဲ့ရလို့ လူ ၄၀ ကျော် သေဆုံး ခဲ့ရပါတယ်။

ဘဂ္ဂဒက် မြို့တော် ရဲ့ ကုန်တိုက် တစ်ခုမှာ ကားဗုံး ခွဲ ခဲ့ကြပြီး တဲ့နောက် အသေခံ ဗုံးခွဲတဲ့ ကိုယ်ကြပ် အင်္ကျီတွေ ဝတ်ဆင် ထားတဲ့ သေနတ် သမားတွေ ဝင်ရောက် ပစ်ခတ် ခဲ့ကြပါတယ်။

နောက်ပိုင်း အီရတ် အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက ကုန်တိုက်ထဲ ဝင်ရောက် ရှင်းလင်း ခဲ့ကြတာ မှာ လက်နက်ကိုင် ၂ ဦး သေဆုံး သွားပြီး တခြား သူတွေတော့ လွတ်မြောက် သွားတယ် လို့ ဆိုပါတယ်။

အဲဒီ့ တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ သူတို့ ရှိတယ် ဆိုပြီး အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS က ကြေညာ ပါတယ်။

တချိန်တည်း လိုလို မှာပဲ ဘဂ္ဂဒက် ရဲ့ ဆင်ခြေဖုံး တစ်နေရာမှာ ကားဗုံးကွဲ မှု တစ်ခု ဖြစ် ခဲ့သလို၊ မုဂ်ဒါဒီယာ နဲ့ ဘာကူဘာ မြို့တွေမှာလည်း လူ အသေအပျောက် ဖြစ်စေခဲ့တဲ့ ဗုံးကွဲမှု တွေ ပေါ်ပေါက် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ