ဒေးဗစ်ဘိုဝီ ကို တကမ္ဘာလုံး အနှံ့ ဝမ်းနည်း သတိရ နေကြ

  • 11 ဇန်နဝါရီ 2016
david_bowie_
Image caption ဒေးဗစ် ဘိုဝီ ဟာ ကမ္ဘာ့ ရော့ခ် ဂီတနဲ့ ပေါ့ပ် ယဉ်ကျေးမှု မှာ လမ်းသစ်ထွင် နိုင်ခဲ့ပြီး ၁၀ စုနှစ် ၅ ခုတိုင် လွှမ်းမိုး ဩဇာညောင်း နိုင်ခဲ့။

ဗြိတိသျှ အဆိုတော် ဒေးဗစ် ဘိုဝီ တစ်ယောက် အသက် ၆၉ နှစ် အရွယ် မှာ ကင်ဆာ ရောဂါနဲ့ ကွယ်လွန် သွားခဲ့ တဲ့ နောက် အခုဆိုရင် အမှတ်တရ အခမ်းအနားတွေ တကမ္ဘာလုံး အနှံ့ ပြုလုပ် နေကြ ပါတယ်။

ဒေးဗစ် ဘိုဝီ ဟာ ကမ္ဘာ့ ရော့ခ် ဂီတနဲ့ ပေါ့ပ် ယဉ်ကျေးမှု မှာ လမ်းသစ်ထွင် နိုင်ခဲ့ပြီး ၁၀ စုနှစ် ၅ ခုတိုင် လွှမ်းမိုး ဩဇာညောင်း နိုင်ခဲ့ပါတယ်။

ဒေးဗစ် ဘိုဝီ နေထိုင် ခဲ့၊ ဂီတ အလုပ်တွေ လုပ်ကိုင် ခဲ့တဲ့ လန်ဒန်၊ နယူးယောက် နဲ့ ဘာလင် မြို့က နေရာ တွေ မှာ သူ့ ပရိသတ်တွေ ဟာ ပန်းတွေ လာရောက် ချထား နေကြ သလို၊ ဂီတ နယ်ပယ် ထဲ က သူတွေ လည်း ဒေးဗစ် ဘိုဝီ အမှတ်တရ စကားတွေ ပြောကြား နေပါတယ်။

သူ ကွယ်လွန် ပြီ ဆိုတဲ့ သတင်း ကြေညာ လိုက်ချိန် က စလို့ သူ့ရဲ့ တေးစီးရီးစ် အယ်လ်ဘမ် တွေ ဟာ စီဒီ အချပ် အနေနဲ့ ရော၊ အင်တာနက် ပေါ်မှာပါ ရောင်းအား အင်မတန် ထိုး တက် သွားပါတယ်။

သူ့ရဲ့ နောက်ဆုံး အယ်လ်ဘမ် “ဘလက်စတား” ဟာ ပြီးခဲ့တဲ့ သောကြာ နေ့ကမှ ထွက်ရှိ ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ