Madaya မြို့ကို ကုလ ထောက်ပံ့ခွင့်ရ

  • 11 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption Madaya မြို့ ကို ထောက်ပံ့မှု ပေးမယ့် အစီအစဉ်ဟာ ခက်ခဲတဲ့ လုပ်ငန်းစဉ် ဖြစ်

ဆီးရီးယား နိုင်ငံ Madaya မြို့မှာ ပိတ်မိပြီး အစာရေစာ ပြတ်လပ်မှုတွေ ကြုံတွေ့ နေရတဲ့ အရပ်သားတွေကို ကူညီ ပေးဖို့ အတွက် ကုလသမဂ္ဂ အဖွဲ့ဟာ စတင် ထွက်ခွာ နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Madaya မြို့က အရပ်သား တွေအတွက် တစ်လစာ အစားအသောက် ဆေးဝါး နဲ့ အဝတ် အထည် တွေ ကို ပေးပို့ ကူညီ သွားမယ်လို့ သိရပါတယ်။

ကမ္ဘာ့စားနပ် ရိက္ခာ အဖွဲ့ကြီး ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဂျရတ် ဘာရိုး က Madaya မြို့ ကို ထောက်ပံ့မှု ပေးမယ့် အစီအစဉ်ဟာ ခက်ခဲတဲ့ လုပ်ငန်းစဉ် ဖြစ်ကြောင်း ပြောပါတယ်။

ကမ္ဘာ့ စားနပ် ရိက္ခာ အဖွဲ့ကြီး အနေနဲ့ ဆီးရီးယား ပြည်တွင်းက အဖွဲ့အစည်း တွေနဲ့ လက်တွဲပြီး အမှန်တကယ် အကူအညီ လိုအပ်နေတဲ့ လူတွေဆီကို ရောက်ဖို့ ဆောင်ရွက် ခဲ့ရတယ်လို့ လည်း ဆက်ပြောပါတယ်။

ဆီးရီးယား နိုင်ငံထဲက Madaya မြို့ဟာ အစိုးရ ဆန့်ကျင်သူ သူပုန်အုပ်စုတွေက ထိန်းချုပ် ထားတာ ဖြစ်ပြီး အစိုးရ တပ်ဟာ မြို့ပြင်ကနေ ပိတ်ဆို့ ဝန်းရံ ထားတဲ့ အတွက် လူပေါင်း လေးသောင်းလောက်ဟာ မြို့တွင်းမှာ ပိတ်မှုနေပြီး အစာရေစာ ပြတ်လပ် မှုတွေ နဲ့ ကြုံတွေ့ နေရတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ် ရိက္ခာ အဖွဲ့ကြီးနဲ့ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ တို့ဟာ ဆီးရီးယား အစိုးရနဲ့ သူပုန် နှစ်ဘက် တပ်ဖွဲ့ ကြားမှာ ညှိနှိုင်းပြီး လူသားခြင်း စာနာ ထောက်ထားမှု အကူ အညီ တွေ ပေးပို့ ခွင့် ရရှိ ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ