ကွန်ဂရက်စ်ကို နောက်ဆုံး နှစ်လည်မိန့်ခွန်း ပြောဖို့ အိုဘားမား ပြင်ဆင်

  • 12 ဇန်နဝါရီ 2016
_obama_ ဓာတ်ပုံ မူပိုင် Getty
Image caption အိုဘားမား အတွက် သူ့ သမ္မတ သက်တမ်း မှာ နောက်ဆုံး ပေးရမယ့် State of the Union မိန့်ခွန်း ဖြစ်ပါတယ်။

အမေရိကန်ရဲ့ လွှတ်တော် နှစ်ရပ်ပေါင်းကို အမေရိကန် သမ္မတက နှစ်စဉ် လာ ပြောကြားရတဲ့ State of the Union လို့ ခေါ်တဲ့ မိန့်ခွန်း အတွက် သမ္မတ အိုဘားမား ပြင်ဆင် နေပါတယ်။

အခုတခေါက် ဟာ မစ္စတာ အိုဘားမား အတွက် သူ့ သမ္မတ သက်တမ်း မှာ နောက်ဆုံး ပေးရမယ့် State of the Union မိန့်ခွန်း ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု ထဲမှာ သေနတ် ကိုင်ဆောင်ခွင့် ထိန်းချုပ် နိုင်ရေး အတွက် ကြိုးစား ခဲ့တာမျိုး၊ ဂွမ်တာနာမို အကျဉ်းထောင် ကို ပိတ်ပစ် ခဲ့ တာမျိုး အပါအဝင် သူ့ အတွက် နာမည် ကောင်း အဖြစ် တွင် ကျန်ရစ် နိုင်မယ်လို့ မျှော်လင့် ရတဲ့ ဆောင်ရွက် ခဲ့မှု တွေ ကို အသားပေးပြီး သမ္မတ အိုဘားမား ပြောကြား လာဖို့ ရှိ နေပါတယ်။

၂၀၁၆ သမ္မတ ရွေးကောက်ပွဲ အတွက်လည်း မဲဆွယ် မှု တွေ အရှိန်ရစ ပြုလာ နေပြီ ဖြစ်တဲ့ အတွက် ဒီမိုကရက်တစ် ပါတီ အနေနဲ့ ဘယ်လို နိုင်ငံရေး မူ ဝါဒပိုင်း ဆိုင်ရာ တွေ ရှိသင့်တယ် ဆိုတာ ကိုလည်း အခု မိန့်ခွန်း ထဲမှာ သမ္မတ အိုဘားမား ထည့်သွင်း ပြောကြား လာနိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ