တူရကီမှာ ပေါက်ကွဲမှု ဖြစ်ပွား

  • 12 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆူလ်တန်အာမက်ရင်ပြင်ထဲက အပြာရောင် ဗလီ လို့ ခေါ်ကြတဲ့ ဗလီကြီးအနားမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့

တူရကီနိုင်ငံရဲ့ နာမည်ကြီးမြို့ကြီး တမြို့ဖြစ်တဲ့ အီစတန်ဘူလ် မှာ အခုပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

အီစတန်ဘူလ်ဟာ တချိန်က ကွန်စတန်တီနိုပယ်လ် လို့ ခေါ်တဲ့ရှေးဟောင်းမြို့တမြို့ဖြစ်ပါတယ်။

အခုဗုံးကွဲခဲ့တဲ့နေရာကတော့ ဆူလ်တန်အာမက် ရင်ပြင်လို့ခေါ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့နေရာပါ။

ဆူလ်တန်အာမက်ရင်ပြင်ထဲက အပြာရောင် ဗလီ လို့ ခေါ်ကြတဲ့ ဗလီကြီးအနားမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

လူ ၁၀ ယောက်သေဆုံးခဲ့တဲ့ အပြင် နောက်ထပ် ၁၅ ယောက်လည်း ဒဏ်ရာရခဲ့သေးတယ်လို့ ဆိုပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းတချို့ကတော့ အခုပေါက်ကွဲမှုဟာ အသေခံဗုံးဖောက်ခွဲမှုလို့ ဆိုကြပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ နိုင်ငံခြားသားခရီးသည်တွေလည်း ပါကြပါတယ်။

နော်ဝေနိုင်ငံသားတယောက်ထိခိုက်ဒဏ်ရာရပြီး အခုဆေးရုံတင်ထားရတယ်လို့ နော်ဝေ နိုင်ငံခြားရုံးက ပြောပါတယ်။

ဂျာမနီနိုင်ငံသားတချို့ ထိခိုက်ဒဏ်ရာရသူထဲမှာ ပါတယ်လို့ သတင်းရတဲ့အတွက် ဂျာမနီနိုင်ငံခြားရေးရုံးကလည်း စုံစမ်းနေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ တူရကီ သမ္မတ ရိဂျက်ပ် တိုင်ရိ အာဒိုဝမ်ကတော့ အခုဖောက်ခွဲမှုဟာ အသေခံဗုံးဖောက်ခွဲမှုဖြစ်တယ်။ ဆီးရီးယားကလွှတ်လိုက်တဲ့သူတယောက်က ဆောင်ရွက်တာဖြစ်တယ်။ ဒီဖောက်ခွဲမှုကို ရှုံ့ချပါတယ်လို့ ပြောပါတယ်။

အောက်တိုဘာလတုန်းက မြို့တော်အန်ကာရာမှာလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၁၀၀ကျော်သေဆုံးခဲ့ပါတယ်။

ဇူလိုင်လတုန်းကတော့ ဆီးရီးယားနယ်စပ်နားမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုမှာ လူ ၃၀ ကျော်သေဆုံးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ