အစ္စတန်ဘူလ် ဗုံးကွဲမှု ကို ဂျာမနီ ရှုတ်ချ

  • 12 ဇန်နဝါရီ 2016
angela_merkel_ ဓာတ်ပုံ မူပိုင် AFP
Image caption ကျူးလွန်သူ အကြမ်းဖက်သမား တွေဟာ လူသား မျိုးနွယ် တစ်ခုလုံးရဲ့ ရန်သူ ဖြစ်တယ် ဆိုပြီး ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ် က ပြော။

တူရကီ နိုင်ငံ အစ္စတန်ဘူလ် မြို့မှာ အသေခံ ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရလို့ ဂျာမနီ နိုင်ငံသား အများစု ဖြစ်တဲ့ အနည်းဆုံး လူ ၁၀ ဦး သေဆုံး ခဲ့ရမှု အပေါ် ဂျာမနီ အစိုးရက ပြစ်တင် ရှုတ်ချ လိုက်ပါတယ်။

အဲဒီ့ တိုက်ခိုက်မှု ဟာ အရိုင်းအစိုင်း တွေရဲ့ လုပ်ရပ် ဆိုပြီး ဂျာမနီ အစိုးရ ပြောပါတယ်။

ကျူးလွန်သူ အကြမ်းဖက်သမား တွေဟာ လူသား မျိုးနွယ် တစ်ခုလုံးရဲ့ ရန်သူ ဖြစ်တယ် ဆိုပြီး ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ် က ဆိုပါတယ်။

တူရကီ မြို့ဟောင်းရဲ့ အချက်အခြာ နေရာ ဖြစ်တဲ့ ဆူလ်တန်အာမက် ရင်ပြင်မှာ အစ္စလာမ်မစ် နိုင်ငံအဖွဲ့ IS တစ်ဦး က အသေခံ ဗုံးခွဲ ခဲ့တာ ဖြစ်တယ် ဆိုပြီး တူရကီ အစိုးရ က ပြောထား ပါတယ်။

တူရကီ နိုင်ငံ မှာ ရောက်ရှိနေတဲ့ ဂျာမနီ နိုင်ငံသား တွေ ကို ကမ္ဘာလှည့် ခရီးသည် တွေ အတွက် စွဲဆောင် မှု ရှိတဲ့ လူထူထပ်ရာ နေရာ တွေကို ရှောင်ကြဖို့ ဂျာမနီ အစိုးရ က သတိ ပေးထားပြီး၊ တူရကီ နိုင်ငံ တလွှား နောက်ထပ် တိုက်ခိုက်မှု တွေ ဖြစ်လာ နိုင်တယ် လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ