အာဖဂန်က ပါကစ္စတန် သံရုံးအနီး တိုက်ခိုက်မှုဖြစ်

  • 13 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ပစ်ခတ် တိုက်ခိုက်မှုတွေက ၄ နာရီကျော် ကြာမြင့်ခဲ့။

အာဖဂန် နစ္စတန် နိုင်ငံ၊ ဂျလာလာဘတ် မြို့က ပါကစ္စတန် ကောင်စစ်ဝန်ရုံး အနီးမှာ ဖြစ်ခဲ့တဲ့ ပစ်ခတ် တိုက်ခိုက်မှု အတွင်း အာဖဂန် လုံခြုံရေး ဝန်ထမ်း အနည်းဆုံး ၇ ဦး သေဆုံး ခဲ့တယ်လို့ အာဖဂန် ပြည်ထဲရေး ဌာနက ပြောပါတယ်။

ပါကစ္စတန် ကောင်စစ်ဝန် ရုံးဝင်းကို လူတစ်ဦးက အသေခံ ဗုံးခွဲ တိုက်ခိုက် ခဲ့ပြီးနောက် ကျန် သေနတ် သမားတွေက အနီးက နေအိမ် ထဲကနေ ခုခံ တိုက်ခိုက် ခဲ့ကြတာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုတွေနဲ့ အပြင်းအထန် ပစ်ခတ်သံတွေ ကြားရတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ သတင်းတွေအရ သေနတ်သမားတွေ အားလုံး သေဆုံးတယ်လို့ ဆိုပါတယ်။

ဒီ တိုက်ခိုက်မှုဟာ ဘယ်အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ် ဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ဂျလာလာဘတ် မြို့က အိန္ဒိယ သံအဖွဲ့ရုံး အနီးမှာ ဗုံးခွဲမှု တစ်ခု ဖြစ်ခဲ့ ပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ