အမေရိကန် ရေတပ်သားတွေကို အီရန် ပြန်လွှတ်ပေး

  • 13 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် ရေတပ်သားတွေရဲ့ ပုံကို အီရန် စစ်တပ်က ထုတ်ပြန်ခဲ့။

အီရန်က သူ့ရဲ့ ရေပိုင်နက်ထဲ ဝင်လာလို့ ဖမ်းဆီး ခဲ့တဲ့ အမေရိကန် ရေတပ်သား ၁၀ ဦးကို နောက်ရက်မှာ ပြန်လွှတ် ပေးလိုက်ပါတယ်။ ဒီအဖြစ်အပျက်ဟာ တိုးတက်လာတဲ့ အမေရိကန်နဲ့ အီရန် ဆက်ဆံရေးအပေါ် စမ်းသပ်ချက် တစ်ခု ဖြစ်ခဲ့ပြီး အလျင်အမြန် ဖြေရှင်း နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အင်္ဂါနေ့က ပင်လယ်ကွေ့ ဒေသမှာ စစ်ရေး လေ့ကျင့်မှု တစ်ခုအတွင်း အမေရိကန် ရေယာဉ် ၂ စင်း အနက် ၁ စင်း စက်ချို့ယွင်း ခဲ့ရာက ရေတပ်သား ၁၀ ဦး အီရန် ရေပိုင်နက်ထဲမှာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

ဝါရှင်တန်က တောင်းပန် ခဲ့ပြီးနောက် အဲဒီ ရေတပ်သား တွေကို နိုင်ငံတကာ ရေပိုင်နက်ထဲ ပြန်လွှတ် ပေးခဲ့တယ်လို့ အီရန် နိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။

အီရန် နျူကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်ပြီး သဘောတူ ထားချက်ကို အမေရိကန်နဲ့ အီရန်တို့ အကောင်အထည် ဖော်ဖို့ ကြိုးပမ်း နေချိန်မှာ ဒီကိစ္စ ပေါ်ပေါက် ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ မရည်ရွယ်ဘဲ ကျူးကျော် ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ အီရန် တော်လှန်ရေး အစောင့်တပ်က ထုတ်ပြန်ခဲ့ကြောင်း အီရန် နိုင်ငံပိုင် သတင်းဌာနက ဖော်ပြ သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ