နောက်ဆုံး နှစ်လည် မိန့်ခွန်း အိုဘားမား ပြောကြား

  • 13 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption လွှတ်တော် နှစ်ရပ်ပေါင်းကို ပြောကြားတဲ့ အိုဘားမား အတွက် နောက်ဆုံး နှစ်လည် မိန့်ခွန်းဖြစ်။

အမေရိကန် လွှတ်တော် နှစ်ရပ်ပေါင်းကို နှစ်စဉ် ပြောကြားရတဲ့ သမ္မတ အိုဘားမားရဲ့ နောက်ဆုံး နှစ်လည် မိန့်ခွန်းမှာ သူ့ လက်ထက်အတွင်း ဆောင်ရွက်ချက် တွေကို ခုခံ ကာကွယ် ပြောဆို ခဲ့သလို အမေရိကန်ရဲ့ လက်ရှိ အနေအထား အပေါ် အကောင်းမြင်တဲ့ စကားတွေလည်း ပြောသွား ခဲ့ပါတယ်။

အမေရိကန်ဟာ မျိုးဆက် များစွာအတွင်း အဆိုးဆုံး ဖြစ်တဲ့ စီးပွားပျက် ကပ်ကနေ ကျော်လွှား နာလန်ထူ နိုင်ခဲ့တဲ့ အပြင်၊ အပြောင်းအလဲကို လက်ခံနိုင်မယ် ဆိုရင် အရင်ထက် ပိုပြီး ကြွယ်ဝ လာဖို့ ရှိတယ်လို့ အိုဘားမားက ပြောပါတယ်။

အိုဘားမားက သူ အဓိက နောင်တ ရတဲ့ အချက်ကတော့ ဒီမိုကရက် တွေနဲ့ ရီပက်ဘလီကန် တွေအကြား ရန်လိုမှုတွေ တိုးလာတဲ့ အချက် ဖြစ်တယ်လို့ ဆိုပါတယ်။

ရီပက်ဘလီကန် သမ္မတ လောင်းတွေ ကတော့ အိုဘားမားရဲ့ မိန့်ခွန်းအပေါ် အဆိုးမြင် တုံ့ပြန် ခဲ့ကြပါတယ်။

ဒေါ်နယ် ထရမ့်က အိုဘားမားရဲ့ မိန့်ခွန်းဟာ ဝေ့ဝိုက် ပြောဆိုမှုတွေသာ ဖြစ်ပြီး လက်ဆုပ် လက်ကိုင် ပြစရာ မပါဘူးလို့ ဆိုပါတယ်။ တက်ဒ် ခရုဇ် ကလည်း အိုဘားမား မိန့်ခွန်းက နိုင်ငံ အခြေပြ မိန့်ခွန်းနဲ့ မတူဘဲ ငြင်းကွယ်တဲ့ မိန့်ခွန်းနဲ့ တူတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ