ဂွမ်တာနာမို ကနေ ယီမင်အကျဉ်းသားတွေ လွတ်လာ

  • 14 ဇန်နဝါရီ 2016
_guantanamo_ ဓာတ်ပုံ မူပိုင် .
Image caption အဲဒီ့ ထောင်မှာ ဆက်လက် ထိန်းသိမ်း ခံထားရသူ အရေအတွက် ဟာ အယောက် တစ်ရာ တောင် မရှိတော့ ပါဘူး။

အမေရိကန် ပြည်ထောင်စုဟာ ဂွမ်တာနာမိုဘေး အကျဉ်းထောင် ကနေ ယီမင် နိုင်ငံသား အကျဉ်းသားတွေ ကို ပြန်လွှတ် ပေး လိုက် တဲ့ အတွက် အခုဆိုရင် အဲဒီ့ ထောင်မှာ ဆက်လက် ထိန်းသိမ်း ခံထားရသူ အရေအတွက် ဟာ အယောက် တစ်ရာ တောင် မရှိတော့ ပါဘူး။

ပြန်လွတ်လာ တဲ့ယီမင် အကျဉ်းသားတွေ ဟာ ခုံးရုံး အတင် မခံရ၊ ပုဒ်မ အတပ် မခံရပဲ ထိန်းသိမ်း ခံခဲ့ရသူ တွေ ဖြစ်ပါတယ်။

အခုလို ပြန်လွတ် လာပေမယ့်လည်း လက်ရှိ ယီမင် ပြည်တွင်းစစ် အခြေအနေ ဆိုးရွား နေတဲ့ အတွက် အိုမန် နိုင်ငံကို လေယာဉ် နဲ့ ထွက်ခွာ ကြမှာ ဖြစ်ပါတယ်။

သူတို့ လွတ်လာတာဟာ သမ္မတ အိုဘားမား လက်ထက် လူ အရေ အတွက် အများဆုံး အစုလိုက် အပြုံလိုက် လွတ်မြောက် လာတာ ဖြစ်ပါတယ်။

မစ္စတာ အိုဘားမားဟာ ပထမ သက်တမ်း အတွက် မဲဆွယ်တုန်း ကတည်းက အငြင်းပွားဖွယ် ဂွမ်တာနာမိုဘေး အကျဉ်းထောင်ကို သူ သမ္မတ ဖြစ်ရင် ပိတ်ပစ်မယ် ဆိုပြီး ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ