ဂျကာတာ မှာ ဗုံးခွဲ တိုက်ခိုက်မှုဖြစ်

  • 14 ဇန်နဝါရီ 2016
Image caption တိုက်ခိုက်ခဲ့ကြသူ ၃ ယောက်ကို အသေပစ်ခတ် ဖမ်းဆီး ရမိခဲ့

ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းက အင်ဒိုနီးရှား နိုင်ငံ ဂျာကတာ မြို့မှာ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့တဲ့ အတွက် အနည်းဆုံး လူ ၇ ဦး သေဆုံး ခဲ့ရပါတယ်။

ဂျာကတာ မြို့က ကုလသမဂ္ဂ အဆောက်အဦ နဲ့ အဲဒီ အနီး အနားက starbuck ကော်ဖီ ဆိုင်နဲ့ ရုပ်ရှင်ရုံ တစ်ရုံ တို့ကို ဦးတည်ပြီး တိုက်ခိုက် ခဲ့ကြတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက တိုက်ခိုက် ခံရမှုတွေနဲ့ ပါတ်သက်လို့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်ပါတယ်။ တိုက်ခိုက်မှုတွေကို လုပ်ခဲ့ကြတဲ့ အဖွဲ့တွေကို အရေးယူဖို့ ညွှန်ကြားထားပြီး ဖြစ်ကြောင်းနဲ့ အကြမ်းဖက် တိုက်ခိုက် ခံရမှုကြောင့် ကြောက်လန့်မှုတွေ မရှိပဲ အေးဆေး တည်ငြိမ်စွာ ဖြေရှင်း ကြဖို့ တိုက်တွန်း ခဲ့ပါတယ်။

အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့နဲ့ ပတ်သက် ဆက်နွယ်မှု ရှိတဲ့ အင်ဒိုနီးရှား အစွန်းရောက် အဖွဲ့ တစ်ဖွဲ့က ဂျာကတာ မြို့မှာ ဖြစ်ပွား ခဲ့တဲ့ တိုက်ခိုက်မှုတွေကို သူတို့ လုပ်ခဲ့တာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

တိုက်ခိုက်မှုတွေကို လုပ်ခဲ့ကြတဲ့ အစ္စလာမ်မစ် အစွန်းရောက် ၃ ယောက်ကို အသေပစ်ခတ် ဖမ်းဆီး ရမိခဲ့ပြီး နောက်ထပ် ၂ ယောက် ကတော့ အသေခံ ဗုံးခွဲမှု အတွင်းမှာ သေဆုံးခဲ့ကြတယ် လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ