ဘာကီနာဖာဆိုရဲ့ မြို့တော် မှာ ဟိုတယ်တစ်လုံး အစီးအနင်းခံရ

  • 15 ဇန်နဝါရီ 2016
ouagadougou
Image caption ဟိုတယ် ဟာ ကုလသမဂ္ဂ ဝန်ထမ်းတွေ အပါအဝင် အနောက် နိုင်ငံသား တွေ တည်းခိုလေ့ ရှိတဲ့ ဟိုတယ် အတိုက်အခိုက် ခံရ။

အာဖရိက အနောက်ပိုင်း ကုန်းတွင်းပိတ် နိုင်ငံတစ်ခု ဖြစ်တဲ့ ဘာကီနာဖာဆို ရဲ့ မြို့တော် ဝါဂါဒူးဂူးမှာ ဟိုတယ် တစ်လုံးကို သေနတ် သမားတွေ ဝင်ရောက် တိုက်ခိုက် ခဲ့ကြ ပြီး ပေါက်ကွဲသံတွေ၊ သေနတ်သံ တွေ ထွက်ပေါ် လာပါတယ်။

သေနတ်သမား တွေ ဟာ ဟိုတယ်ရှေ့ ကားဗုံးတွေ ဖောက် ခွဲခဲ့ ကြပြီး ဟိုတယ် အဆောက်အဦ ကို စီးနင်း ခဲ့ကြတယ် လို့ မျက်မြင် သက်သေ တွေက ပြောပါတယ်။

အဲဒီလို စီးနင်း ခံရတဲ့ ဟိုတယ် ဟာ ကုလသမဂ္ဂ ဝန်ထမ်းတွေ အပါအဝင် အနောက် နိုင်ငံသား တွေ တည်းခိုလေ့ ရှိတဲ့ ဟိုတယ် ဖြစ်ပြီး အနီးက စားသောက်ဆိုင် တစ်ဆိုင်လည်း အတိုက်ခိုက် ခံခဲ့ ရပါတယ်။

အစိုးရ လုံခြုံရေး တပ်ဖွဲ့ ဝင် တွေ လည်း အခင်း ဖြစ်ရာဆီ ရောက် လာခဲ့ပြီး အပြန်အလှန် ပစ်ခတ် မှု တွေ ဖြစ်ပေါ် ခဲ့တယ် လို့ အနီးနား မှာ ရှိသူ တွေ က ပြောပါတယ်။

အစ္စလာမ်မစ် တွေ ဖြစ်နိုင်တယ် လို့ ယူဆ ရတဲ့ သေနတ်သမားတွေ ဟာ ဟိုတယ် ထဲမှာ ဓါးစာခံ တွေ ဖမ်းဆီး ထားနိုင် တယ် လို့လည်း တချို့ သတင်းတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ