ပြင်သစ် ဆေးဝါးသစ် စမ်းသပ်မှု၊ လူတစ်ဦး ကိုမာ ဖြစ်

  • 15 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption အာရန်း မြို့က ဆေးရုံကို ပြင်သစ် ကျန်းမာရေး ဝန်ကြီး သွားရောက်မယ်လို့ ဆို။

ပြင်သစ် နိုင်ငံမှာ ဆေးဝါး အသစ်တစ်မျိုး စမ်းသပ်မှု တစ်ခုအတွင်း ပါဝင် စမ်းသပ်ခံတဲ့ လူတွေအနက် တစ်ဦးက ဦးနှောက် သေသွားပြီး၊ နောက်ထပ် ၅ ဦးဟာလည်း ဆေးရုံမှာ အခြေအနေ ဆိုးရွား နေတယ်လို့ သိရပါတယ်။

ပြင်သစ် အနောက်ပိုင်း၊ Rennes အာရန်း မြို့မှာ ရှိတဲ့ ပုဂ္ဂလိကပိုင် ဓာတ်ခွဲခန်း တစ်ခုက အဲဒီ သောက်ဆေး စမ်းသပ်မှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ခုတော့ အဲဒီ ဆေးခန်းက စမ်းသပ်မှုကို ရပ်ဆိုင်းလိုက်ပြီး ပါဝင် စမ်းသပ် ခံခဲ့သူ အားလုံးကို ပြန်ခေါ် ထားတယ်လို့ ဆိုပါတယ်။ စမ်းသပ်ခံခဲ့သူ စုစုပေါင်း ဘယ်နှစ်ဦး ရှိသလဲ ဆိုတာကို မသိရသေးပါဘူး။

အဲဒီ ဆေးသစ်ဟာ ဆေးခြောက် ပါဝင်တဲ့ အကိုက်အခဲ ပျောက်ဆေး တစ်မျိုး ဖြစ်ပြီး ပြင်သစ် ကျန်းမာရေး ဝန်ကြီးဌာနက ပယ်ချထားတဲ့ ဆေး ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒီဖြစ်ရပ် အတွက် စုံစမ်း စစ်ဆေးမှု တစ်ခုကို စတင် လိုက်ပြီလို့ ပဲရစ်မြို့က အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ