အမေရိကန် စတော့ စျေးကွက်တွေမှာ တန်ဖိုးကျဆင်း

  • 15 ဇန်နဝါရီ 2016
_us_stock_market_traders_ ဓာတ်ပုံ မူပိုင် Reuters
Image caption တရုတ် ပြည် စီးပွားရေး နှေးကွေး သွားတဲ့ အပေါ် စိုးရိမ်မှု တွေ ဆက်လက် ဖြစ်ပေါ် နေတာ ကလည်း တကမ္ဘာ လုံးက စတော့ စျေးကွက် တွေ အပေါ်မှာပါ ကျယ်ကျယ်ပြန့်ပြန့် ရိုက်ခတ် ခံနေရပါတယ်။

အမေရိကန် ပြည်ထောင်စု ထဲက စတော့ စျေးကွက် တွေမှာ ရှယ်ယာ တန်ဖိုးတွေ သိသိသာသာ ကျဆင်း ခဲ့ ပါတယ်။

အစောပိုင်းက ဥရောပ နဲ့ အာရှ စျေးကွက် တွေ မှာ စတော့ တန်ဖိုး တွေ ထိုးဆင်း ခဲ့ ပြီးတဲ့ နောက် အမေရိကန် မှာပါ အခုလို လိုက်လံ ကျဆင်း လာတာ ဖြစ်ပါတယ်။

နယူးယောက် မြို့ ဝေါလ် စထရိ စျေးကွက် တွေ မှာ the Down Jones (ဒေါင်းဂျုံးစ်) ရှယ်ယာ တန်ဖိုး ရည်ညွှန်းကိန်း ဟာ ၃ % ဝန်းကျင် ကျဆင်း ခဲ့ပါတယ်။

ရေနံ စျေးလည်း တစ်စည် ကို ဒေါ်လာ ၃၀ အောက် ကို အခု သီတင်းပတ် ထဲ မှာတင် ဒုတိယ အကြိမ် မြောက် အဖြစ် ကျဆင်း ခဲ့ ပါတယ်။

အခုလို စတော့ ရှယ်ယာ တန်ဖိုး တွေ ကျဆင်း နေပေမယ့် အမေရိကန်၊ ဗြိတိန် နဲ့ ဂျာမနီ အစိုးရ ရဲ့ ငွေကြေး ဘွန်း စာချုပ်တွေ တန်ဖိုး မြင့် တက် လာ သလို၊ ရွှေစျေး လည်း မြင့်တက် ခဲ့ ပါတယ်။

တရုတ် ပြည် စီးပွားရေး နှေးကွေး သွားတဲ့ အပေါ် စိုးရိမ်မှု တွေ ဆက်လက် ဖြစ်ပေါ် နေတာ ကလည်း တကမ္ဘာ လုံးက စတော့ စျေးကွက် တွေ အပေါ်မှာပါ ကျယ်ကျယ်ပြန့်ပြန့် ရိုက်ခတ် ခံနေရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ