စီးပွားရေး တိုးတက်ဖို့ လိုကြောင်း အီရန်သမ္မတပြော

  • 17 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption အာရပ် ဒေသ က အကြီးဆုံး စတော့ ဈေးကွက် ဖြစ်တဲ့ ဆော်ဒီ အာရေးဘီးယား နိုင်ငံက စတော့ ဈေးနှုန်း ဟာ ၆ ရာခိုင်နှုန်း အထိ ကျ

နိုင်ငံတကာ ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုတ်သိမ်း ပေးခဲ့တာကြောင့် အီရန် နိုင်ငံရဲ့ စီးပွားရေး လွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက် နိုင်တော့မှာ ဖြစ်တယ်လို့ အီရန် သမ္မတာ ဟာဆန် ရိုဟာနီ က ပြောကြား လိုက်ပါတယ်။

နိုင်ငံတကာနဲ့ အီရန် နိုင်ငံ အပြန်အလှန် ကူးလူး ဆက်ဆံမှု စာမျက် နှာသစ် ကို ဖွင့်လှစ် လိုက်တာ ဖြစ်တယ်လို့ လည်း သမ္မတ ဟတ်ဆန် ရိုဟာနီ က ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ အနူမြူ စွမ်းအင် အေဂျင်စီ IAEA က အီရန် နိုင်ငံဟာ နူကလီးယား ထိန်းချုပ်ရေး လုပ်ငန်း စဉ်တွေကို လိုက်နာ ခဲ့တယ်လို့ ကြေညာ ခဲ့ပြီးနောက်မှာတော့ နိုင်ငံတကာ က စီးပွားရေး ပိတ်ဆို့မှုတွေ ရုတ်သိမ်း ပေးခဲ့ကြပါတယ်။

အီရန် နိုင်ငံ အနေနဲ့ ရေနံ အပေါ်မှာပဲ မှီခို နေရတဲ့ စီးပွားရေး မဟုတ်ဘဲ အခြား စီးပွားရေး တွေကိုလည်း အာရုံစိုက် လုပ်ကိုင် ရမှာ ဖြစ်ပြီး စီးပွားရေး တိုးတက် အောင် ဆောင်ရွက်ဖို့ နိုင်ငံ ရပ်ခြား က ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေတယ်လို့ သမ္မတ ရိုဟာနီ က ပါလီမန်မှာ ပြောကြား ခဲ့ပါတယ်။

နိုင်ငံတကာ က ထိန်းချုပ်ထားခဲ့တဲ့ အီရန် နိုင်ငံရဲ့ ငွေကြေးတွေကို ပြန်လည် အသုံးပြုခွင့် ရရှိမှာ ဖြစ်ပြီး ဒီကနေ့မှာ နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ ဥက္ကဋ္ဌ ရီရာ အမာနို နဲ့ အီရန် သမ္မတ ရိုဟာနီ တို့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

အီရန် နိုင်ငံကို နိုင်ငံတကာ က စီးပွားရေး ပိတ်ဆို့မှုတွေ ရုတ်သိမ်း ခဲ့ပြီးနောက် အာရပ် ဒေသ က အကြီးဆုံး စတော့ ဈေးကွက် ဖြစ်တဲ့ ဆော်ဒီ အာရေးဘီးယား နိုင်ငံက စတော့ ဈေးနှုန်း ဟာ ၆ ရာခိုင်နှုန်း အထိ ကျဆင်း ခဲ့ပါတယ်။

ကာတာ နဲ့ ဒူဘိုင်း စတော့ ဈေးနှုန်း ကလည်း ဈေးကွက် ဖွင့် တဲ့ အချိန်မှာပဲ ဈေးနှုန်း ကျဆင်းမှုတွေ ဖြစ်ပေါ်နေပါတယ်။

အီရန် နိုင်ငံအနေနဲ့ တစ်နေကို ရေနံစည် ငါးသိန်း ကမ္ဘာ့ ဈေးကွက်ကို တင်ပို့ဖို့ အဆင့်သင့် ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

အီရန် နိုင်ငံရဲ့ ပြောကြား ချက်ကြောင့် ပင်လယ်ကွေ့ ဒေသမှာ ရေနံစိမ်း ဈေးနှုန်း တွေဟာ ဆက်လက် ကျဆင်း နေဦးမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်း နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ