အီရန်အပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာ ပိတ်ဆို့မှုတွေ ရုတ်သိမ်းပြီ

  • 17 ဇန်နဝါရီ 2016
_iran_sanction
Image caption အီရန် ရဲ့ နျူကလီယာ ရည်မှန်း ဆောင်ရွက်ချက် တွေဟာ ရန်လိုတဲ့ အသွင် ဆောင်မနေ ဘူး ဆိုတဲ့ အချက် အပေါ် ကုလသမဂ္ဂ က အတည်ပြု ပြောကြား။

အီရန်အပေါ် ချမှတ် ထားတဲ့ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ရုတ်သိမ်း သွားပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ နဲ့ ကြား သဘောတူ ထားခဲ့သလို အီရန်ဟာ သူတို့ လုပ်ဆောင် ရမယ့် နျုကလီယာ ထိန်းချုပ်ရေး လုပ်ငန်းစဉ် တွေ အားလုံးကို လိုက်နာ ဆောင်ရွက် ခဲ့တယ် လို့ ဗီယာနာ မြို့မှာ အခြေစိုက်ထားတဲ့ ကုလသမဂ္ဂရဲ့ နျူကလီယာ စောင့်ကြည့်ရေး အဖွဲ့ IAEA က အတည်ပြု ပြောဆို လိုက်တဲ့ နောက် အမေရိကန် နဲ့ ဥရောပ သမဂ္ဂ အဖွဲ့ တို့က အီရန် အပေါ် ပိတ်ဆို့ ထားတာ တွေကို ဖယ်ရှား လိုက်ပြီ လို့ အသီးသီး ကြေညာ ခဲ့ကြ ပါတယ်။

အစောပိုင်း တုန်းကလည်း အီရန် နဲ့ အမေရိကန် နှစ်နိုင်ငံကြား အကျဉ်းသား တွေ အပြန် အလှန် လွှတ် ပေး ခဲ့ကြ ပါသေးတယ်။

အဲဒီ့ အစီအစဉ် အရ အီရန် အစိုးရ အပေါ် အမေရိကန် အတွက် သူလျှို လုပ် ထောက်လှမ်းလို့ ဆိုပြီး ဖမ်းဆီး ထားတဲ့ ဝါရှင်တန်ပို့စ် သတင်းစာတိုက်ရဲ့ စာနယ်ဇင်းသမား Jason Rezaian ဂျေဆင် ရဇိုင်အန် အပါအဝင် အမေရိကန်-အီရန် နှစ်နိုင်ငံသား ခံယူ ထားသူ ၄ ဦး ကို အီရန် က ပြန်လွှတ် ပေးခဲ့ ပါတယ်။

အမေရိကန် ဘက်ကလည်း အပြန်အလှန် အနေနဲ့ အီရန် နိုင်ငံသား ၇ ဦးကို လွှတ်ပေးခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ