IS တွေ အရပ်သား ၄၀၀ ကျော် ကို ထိန်းသိမ်း

  • 17 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption IS အဖွဲ့က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တဲ့ လူတွေဟာ ဆီးရီးယား အစိုးရ ကို လိုလားသူ တွေ ရဲ့ဆွေမျိုးတွေ ဖြစ်တယ်လို့ ပြော

ဆီးရီးယား နိုင်ငံ ဒယ်ရာ အယ်လ် ဇိုး မြို့ ကို တိုက်ခိုက်ခဲ့ကြတဲ့ အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ ဝင်တွေဟာ အရပ်သား ၄၀၀ ကျော်ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တယ်လို့ ဆီးရီးယား နိုင်ငံ အရေး လှုပ်ရှားသူများ က ပြောပါတယ်။

ဆီးရီးယား အစိုးရ စစ်တပ် ထိန်းချုပ်ရာ ဒယ်ရာ အယ်လ် ဇိုး မြို့ကို IS အဖွဲ့က တိုက်ခိုက် မှုတွေ ကြောင့် အနည်းဆုံး လူ ၁၃၀ သေဆုံး ခဲ့ရပါတယ်။

IS အဖွဲ့က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တဲ့ လူတွေဟာ ဆီးရီးယား အစိုးရ ကို လိုလားသူ တွေ ရဲ့ဆွေမျိုးတွေ ဖြစ်တယ်လို့ ပြောနေကြပါတယ်။

ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန က သတင်းထုတ်လွှင့်ချက်မှာတော့ IS အဖွဲ့ဝင်တွေဟာ လူ ၃၀၀ လောက်ကို ရက်ရက်စက်စက် ခေါင်းဖြတ် ကွပ်မျက်ခဲ့ကြတယ်လို့ ထုတ်လွှင့်နေပါတယ်။

ဆီးရီးယား နိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်နေတဲ့ အဖွဲ့ကြီးကတော့ IS က ဖမ်း ဆီးခဲ့တဲ့ အရပ်သားတွေကို ဌာနချုပ် တည်ရှိရာ ရက်ကာ မြို့ကို ခေါ်ဆောင်သွားခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောကြား နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ