ဘဂ္ဂဒက်မှာ အမေရိကန် နိုင်ငံသားတချို့ ပျောက်ဆုံးနေ

  • 17 ဇန်နဝါရီ 2016
john_kirby_ ဓာတ်ပုံ မူပိုင် AP
Image caption ပျောက်ဆုံး နေသူ တွေ ဟာ ဘယ်သူ ဘယ်ဝါ တွေ ဆိုတာ နဲ့၊ ဘယ်လို ပျောက်ဆုံး သွားတာ လဲ ဆိုတဲ့ အချက် တွေကို တော့ ထုတ် မပြော။

အီရတ် နိုင်ငံ ဘဂ္ဂဒက် မြို့တော်မှာ ပျောက်ဆုံး သွားကြတယ် ဆိုပြီး သတင်း ရရှိ ထားတဲ့ အမေရိကန် နိုင်ငံသား တွေ အုပ်စု ကို ရှာဖွေ နေတယ် လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ထုတ်ပြန် လိုက် ပါတယ်။

ဒါပေမယ့် ပျောက်ဆုံး နေသူ တွေ ဟာ ဘယ်သူ ဘယ်ဝါ တွေ ဆိုတာ နဲ့၊ ဘယ်လို ပျောက်ဆုံး သွားတာ လဲ ဆိုတဲ့ အချက် တွေကို တော့ ထုတ် မပြောသေး ပါဘူး။

အီရတ် အာဏာပိုင် တွေ ရဲ့ အပြည့်အဝ ပူးပေါင်း ကူညီ မှု နဲ့ အတူ ပျောက်ဆုံး နေသူ တွေကို ပြန်လည် တွေ့ရှိ နိုင်ဖို့ ကြိုးစား နေတယ်လို့ နိုင်ငံခြားရေး ဌာန ပြောခွင့် ရ ပုဂ္ဂိုလ် က ဆိုပါတယ်။

အယ်လ် အာရေဘီးယား သတင်းဌာန က အမေရိကန် ၃ ဦး ပြန်ပေးဆွဲ ခံလိုက် ရတယ် ဆိုပြီး ကြေညာ ခဲ့ အပြီး အမေရိကန် နိုင်ငံခြားရေး ဌာန ဘက်က အခုလို ထုတ်ဖော် ပြောဆို လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ