အီရန်ရဲ့ နျူကလီယာ ရည်မှန်းချက်ကို အတင်းကြပ်ဆုံး ဆက်လက် စောင့်ကြည့်မယ်

  • 18 ဇန်နဝါရီ 2016
Image caption IAEA က တစ်ရက်ကို ၂၄ နာရီ၊ တစ်နှစ် ကို သုံးရာ ခြောက်ဆယ့် ငါးရက် ဆိုသလို အီရန် ရဲ့ နျူကလီယာ စိမံကိန်း အပေါ် စောင့်ကြည့်မယ်။

အီရန် နိုင်ငံ အနေနဲ့ သူတို့ရဲ့ နျူကလီယာ ရည်မှန်းချက် လုပ်ငန်းစဉ် အပေါ် အတင်းကြပ်ဆုံး စောင့်ကြည့် စစ်ဆေး ခံမယ် ဆိုတဲ့ သဘောတူမှု အတိုင်း ဆက်လက် လိုက်နာ ရမှာ ဖြစ်တယ် လို့ အမေရိကန် နိုင်ငံခြားရေး ဌာန က ပြောပါတယ်။

အီရန် ဟာ သူတို့ရဲ့ နျူကလီယာ အစီအစဉ် တွေကို တကယ် ထိန်းချုပ် ခဲ့တယ် ဆိုတာကို သိသာ ထင်ရှား အောင် ပြသ နိုင်ခဲ့လို့ ပြီးခဲ့တဲ့ စနေ နေ့ ကပဲ နိုင်ငံတကာ ပိတ်ဆို့မှု တွေ ကနေ ကင်းလွတ် ခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂရဲ့ နျူကလီယာ စောင့်ကြည့်ရေး အဖွဲ့ IAEA ဟာ တစ်ရက်ကို ၂၄ နာရီ၊ တစ်နှစ် ကို သုံးရာ ခြောက်ဆယ့် ငါးရက် ဆိုသလို အီရန် ဟာ သဘောတူ ညီမှု အတိုင်း ဆက်လက် လိုက်နာ ခြင်း ရှိမရှိ အပေါ် တချိန်လုံး စောင့်ကြည့် မှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ဂျွန်ကာဘီ က ဆိုပါတယ်။

အီရန် မြို့တော် တဟီရန် မှာ ရောက် နေတဲ့ IAEA ရဲ့ အကြီးအကဲ ယုကီယ အာမာနို က အီရန် အစိုးရ ဟာ IAEA နဲ့ ပူးပေါင်း ဆောင်ရွက် မှု တွေ ပိုတိုးမြှင့် လုပ် ဆောင် ဖို့ သဘော တူ ထားတယ် လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ