အမေရိကန် ပိတ်ဆို့မှုအသစ်ကို အီရန် ရှုတ်ချ

  • 18 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption အီရန် အနေနဲ့ နျူလက်နက် သယ်နိုင်တဲ့ ဒုံးကျည်တွေကို ထိန်းချုပ်သင့်တယ်လို့ ကုလက ပြော။

အီရန်ရဲ့ ပဲ့ထိန်း ဒုံးကျည် စမ်းသပ်မှုအပေါ် အမေရိကန်က ပိတ်ဆို့မှု အသစ်တွေ ပြဋ္ဌာန်း လိုက်တာနဲ့ ပတ်သက်ပြီး အီရန်က ရှုတ်ချ ပြောဆို လိုက်ပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့မှု အသစ်ဟာ ဥပဒေပိုင်းအရ ဒါမှမဟုတ် ကျင့်ဝတ်ပိုင်း အရ တရားဝင်ခြင်း မရှိဘူးလို့ အီရန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက ပြောပါတယ်။

အီရန် နျူကလီးယား အစီအစဉ်ကြောင့် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ပယ်ဖျက်ပြီး တစ်ရက် အကြာမှာပဲ အခု ပိတ်ဆို့မှု အသစ်တွေကို အမေရိကန်က ပြဋ္ဌာန်း လိုက်တာပါ။

တီဟီရန်ကို ရောက်ရှိနေတဲ့ နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ IAEA အကြီးအကဲ Yukiya Amano ကတော့ အီရန်အနေနဲ့ သူ့ရဲ့ နျူကလီးယား အစီအစဉ်တွေမှာ ပူးပေါင်း ဆောင်ရွက်သွားဖို့ သဘောတူ ခဲ့တယ်လို့ ပြောပါတယ်။

နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်တဲ့ ပဲ့ထိန်း ဒုံးကျည် စနစ်ကို အီရန်က ပြီးခဲ့တဲ့ အောက်တိုဘာ တုန်းက စမ်းသပ် ခဲ့တာ ဖြစ်ပါတယ်။

အီရန်ရဲ့ ပဲ့ထိန်း ဒုံးကျည် အစီအစဉ်ဟာ ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်တယ်လို့ အမေရိကန်က ပိတ်ဆို့မှုတွေ ကြေညာစဉ်မှာ ပြောပါတယ်။

အီရန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူကတော့ သူတို့ရဲ့ ပဲ့ထိန်း ဒုံးကျည် စနစ်ဟာ နျူလီးယား ထိပ်ဖူးတွေ သယ်ဆောင် နိုင်ဖို့ တည်ဆောက် ခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ