ပျောက်ဆုံး အမေရိကန်တွေကို အီရတ် ရှာဖွေ

  • 18 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption အီရတ် တပ်ဖွဲ့တွေနဲ့ ပူးပေါင်း ရှာဖွေနေတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြော။

အီရတ် နိုင်ငံ၊ ဘဂ္ဂဒက်မြို့ တောင်ပိုင်းမှာ အမေရိကန် နိုင်ငံသား အချို့ ပျောက်ဆုံးနေတဲ့ သတင်းတွေ ထွက်ပေါ် ခဲ့ပြီးနောက် အခုတော့ သူတို့ကို ပြန်တွေ့ဖို့ အီရတ် တပ်ဖွဲ့တွေက ရှာဖွေမှုတွေ လုပ်ဆောင် နေပါတယ်။

အမေရိကန် ၃ ဦးဟာ ပြီးခဲ့တဲ့ သောကြာနေ့ ညနေပိုင်းက အီရတ် စကားပြန်ရဲ့ နေအိမ်ကို သွားရောက်စဉ် အဲဒီ စကားပြန်နဲ့ အတူ သူတို့ အားလုံး အဖမ်းခံ ခဲ့ကြရတာလို့ အတည်မပြု နိုင်တဲ့ သတင်းတွေ အရ သိရပါတယ်။

ဘယ်သူ ဘယ်ဝါတွေ ပျောက်ဆုံး နေတယ် ဆိုတာကို အတည်ပြု နိုင်ခြင်း မရှိသေးသလို ဘယ်သူတွေက ဖမ်းသွားတာလဲ ဆိုတာကိုလည်း သဲသဲကွဲကွဲ မသိရ သေးပါဘူး။

အမေရိကန် ၃ ယောက်ကို ယူနီဖောင်းဝတ် လက်နက်ကိုင်တွေက ဖမ်းဆီး သွားတာလို့ ပြောဆိုမှုတွေ ရှိနေတဲ့အတွက် ဖမ်းဆီးသူတွေဟာ ရှီးယား မွတ်ဆလင် တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ယူဆရမယ့်ပုံ ရှိနေပါတယ်။

အီရတ်မှာ အနောက် နိုင်ငံသားတွေ ဖမ်းဆီး ခေါ်ဆောင် ခံရတာဟာ နှစ်အနည်းငယ် အတွင်းမှာ အခုတစ်ကြိမ်က ပထမဆုံး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ