အကွပ်မျက်ခံခဲ့ရတဲ့ အယ်လ်နီမာရဲ့ သားက ဆော်ဒီနဲ့ အနောက်နိုင်ငံတွေကို ဝေဖန်

  • 18 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption အမေရိကန် နဲ့ ဗြိတိန် တို့ ဟာ တကယ်တမ်း ဆော်ဒီ ပြည်သူပြည်သား တွေရဲ့ ရေရှည် အကျိုး အတွက် စိတ်မဝင် စားဘူးလို့ အယ်လ် နီမာရဲ့ သားက ဝေဖန်။

ဆော်ဒီ အာရေဗျ အစိုးရ က သေဒဏ် ကွပ်မျက် ခဲ့တဲ့ ရှီအာ ဘာသာရေး ခေါင်းဆောင် ရှိတ်ခ် နီမာ အယ်လ် နီမာ ရဲ့ သား ဖြစ်သူ က သူ့ အဖခင် ကို အဆုံး မစီရင် ဖို့ရာ ဆော်ဒီ အစိုးရ အပေါ် အနောက် နိုင်ငံတွေ အနေနဲ့ လုံလောက် အောင် ဖိအား မပေး ခဲ့ဘူး ဆိုပြီး ဝေဖန် လိုက် ပါတယ်။

အမေရိကန် နဲ့ ဗြိတိန် တို့ ဟာ လက်ရှိ အချိန် မှာ ဆော်ဒီ အာရေဗျ ဘုရင့် နိုင်ငံ တော် နဲ့ မဟာမိတ် တွေလို့ ဆိုပေမယ့် တကယ်တမ်း ဆော်ဒီ ပြည်သူပြည်သား တွေရဲ့ ရေရှည် အကျိုး အတွက် စိတ်ဝင် စားကြတာ မဟုတ် ဘူး ဆိုပြီး တော့လည်း မိုဟာမက်ဒ် အယ်လ် နီမား က ဘီဘီစီ နဲ့ တွေ့ဆုံ မေးမြန်းခန်း မှာ ပြော ခဲ့ ပါတယ်။

အစ္စလာမ် အပေါ် အင်မတန် ရှေးရိုးစွဲ တင်းကြပ် ကျဉ်းမြောင်း စွာ ဖွင့်ဆို ပြီး ဆော်ဒီ အရေဗျ နိုင်ငံ ထဲမှာ ကျင့်သုံး နေတဲ့ ၀ဟာဘီ ဝါဒ နဲ့ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ က သူ့တို့ ရက်စက် ကျူးလွန် သမျှ ဘာသာရေး အကြောင်းပြ ဖွင့်ဆိုချက် တွေ ဟာ အတူတူပဲ ဖြစ်တယ် လို့လည်း မစ္စတာ အယ်လ် နီမား က ဆိုပါတယ်။

ရှိတ်ခ် နီမာ အယ်လ် နီမာ ကွပ်မျက် ခံခဲ့ရမှုဟာ ရှီအာ မွတ်ဆလင်မ် ထု အတွက် အင်မတန် ခံပြင်း သွား စေခဲ့ ပါတယ်။

ဒါပေမယ့် ဆော်ဒီ အစိုးရ ကတော့ နီမာ အယ်လ် နီမာ ဟာ အကြမ်းဖက် ဝါဒ နဲ့ ပတ်သက် တဲ့ ရာဇဝတ်မှု တွေ ကျူးလွန်ခဲ့သူ တစ်ဦး အနေနဲ့ သေဒဏ် စီရင် ခံခဲ့ရတာ ဖြစ်တယ် ဆိုပြီး ပြောထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ