ကိုလံဘီယာ အပစ်ရပ်ရေးမှာ ကုလ ကြီးကြပ်ပေးဖို့ တောင်းဆို

  • 19 ဇန်နဝါရီ 2016
_colombia_farc_
Image caption တ်လ ၂၃ ရက်နေ့ အမီ သဘောတူညီမှု ရလာဖို့ ရည်မှန်း ထားတယ်လို့ နှစ်ဘက်လုံးက ပြော။

ကိုလံဘီယာ နိုင်ငံ မှာ အစိုးရ နဲ့ အကြီးဆုံး သူပုန် အဖွဲ့ FARC တို့ အကြား အနှစ် ၅၀ ကျော် ကြမြင့် နေပြီး ဖြစ်တဲ့ ပြည်တွင်းစစ် ကို အဆုံး သတ် နိုင်ဖို့ အတွက် အပစ်ရပ် သဘောတူ မှု ကို အကောင် အထည် ဖော် ရာမှာ ကုလသမဂ္ဂ က ကြီးကြပ် ပေးပါ ဆိုပြီး တောင်းဆို လိုက် ပါတယ်။

ကျူးဘား နိုင်ငံ ဟာဗာနား မြို့တော်မှာ ပြုလုပ် နေတဲ့ ကိုလံဘီယာ ငြိမ်းချမ်းရေး စကားပြော ဆိုပွဲ မှာ နှစ်ဘက် စလုံးရဲ့ အဆိုအရ စောင့်ကြည့် လေ့လာရေး အဖွဲ့ စေလွှတ် ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ကို တောင်းဆို ထားတယ် လို့ သိရပါတယ်။

အပစ်ရပ် သဘောတူမှု အပြီးသတ် ထွက်ရှိ လာဖို့ အတွက် ကိုလံဘီယာ အစိုးရ နဲ့ FARC သူပုန် တွေကြား ဆက်လက် ညှိနှိုင်း နေကြဆဲ ဖြစ်ပါတယ်။

မတ်လ ၂၃ ရက်နေ့ အမီ သဘောတူညီမှု ရလာဖို့ ရည်မှန်း ထားတယ်လို့ နှစ်ဘက်လုံးက ပြောနေ ပေမယ့် တကယ်တမ်း ရရှိနိုင်မှာ လား ဆိုတာကတော့ မသေချာ သေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ