ပြောင်းရွှေ့သူတွေ အရေး ကိုင်တွယ်ဖို့ အီးယူ အပေါ် ဖိအားတိုးနေ

  • 19 ဇန်နဝါရီ 2016
_children_refugees
Image caption လူ ဝင် မှု ပြဿနာကို ၂ လ အတွင်း မကိုင်တွယ် နိုင်ဘူး ဆိုရင် နောက်ဆက် တွဲ ဆိုးကျိုးတွေ ကြီးမားလိမ့်မယ်။

ပြီးခဲ့တဲ့ နှစ် အတွင်း ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ဝင် နိုင်ငံတွေ ထဲကို လူ တွေ သန်း နဲ့ချီ ရွှေ့ပြောင်း ဝင်ရောက် ခဲ့ကြတဲ့ နောက် အီးယူ ခေါင်းဆောင် တွေ အနေနဲ့ လူဝင်မှု ဆိုင်ရာ ပြဿနာကို ကိုင်တွယ် ဖြေရှင်း ဖို့ရာ ဖိအားတွေ တိုးတက် လာ နေပါတယ်။

အခု နှစ် ဇန်နဝါရီ လ တစ်လတည်း ၂၀ ရက် မပြည့် ခင် မှာကို တူရကီ ကနေ ဂရိ ထဲကို ဝင်ရောက် လာတဲ့ အရေ အတွက်ဟာ မနှစ်က ဒီ လို ကာလ မှာ ဝင်ရောက် လာခဲ့ ကြတဲ့ အရေ အတွက်ထက် အဆ ၂၀ မက များ နေပါတယ်။

လူ ဝင်မှု ပြဿနာ ကို ကိုင်တွယ် ဖို့ ဥရောပ နိုင်ငံ တွေရဲ့ အစိုးရ တွေ လုပ်ဆောင် ခဲ့ကြတဲ့ နယ်စပ် ဝင်ပေါက် တွေ ကို ပိတ် ချ ပစ်တာ မျိုး၊ ဝင် ရောက် လာတဲ့ သူတွေ အတွက် လုံလောက်တဲ့ ယာယီ နေရာ ထိုင်ခင်း တွေ မဖန်တီး ပေး နိုင်တာ မျိုးတွေ ဟာ လူတွေ ကို ပို ဒုက္ခ ရောက် စေခဲ့တယ် ဆိုပြီး နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF အဖွဲ့က သတိ ပေး နေပါတယ်။

ဂျာမနီ နိုင်ငံ အနေနဲ့ လူ တွေ ကို ဆက်ပြီး ဝင်ခွင့် ပြုဖို့ မတတ် နိုင်တော့ ဘူးလို့ ယူဆ ထားကြတဲ့ နိုင်ငံရေး သမား တချို့ က သူတို့ရဲ့ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ် ရဲ့ ရွှေ့ပြောင်းသူ တွေ အတွက် တံခါးဖွင့် ပေးထားတဲ့ မူဝါဒ ကို ပြောင်းလဲ စေချင် နေကြ ပါတယ်။

လူ ဝင် မှု ပြဿနာကို ၂ လ အတွင်း မကိုင်တွယ် နိုင်ဘူး ဆိုရင် နောက်ဆက် တွဲ ဆိုးကျိုးတွေ ကြီးမားလိမ့်မယ် ဆိုပြီး ဥရောပ ကောင်စီ ဥက္ကဌ ဒေါ်နယ်လ် တုစ်ခ် က သတိ ပေး နေပါတယ်။

လက်ရှိ အီးယူ အဖွဲ့ဝင် နိုင်ငံတွေ ကြားက ရှဲန်ဂန် သဘောတူညီမှု လို့ ခေါ်တဲ့ တစ်နိုင်ငကနေ တစ်နိုင်ငံကို လွတ်လွတ်လပ်လပ် ဝင်ထွက် သွားလာခွင့် လို အရာမျိုးတွေ ကျိုးပျက် သွားနိုင်တယ် ဆိုပြီး မစ္စတာ တုစ်ခ် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ