လူလုပ် ဘေးအန္တရာယ်တွေကို ဟော့ကင်း သတိပေး

  • 19 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် BBCRichardAnsett
Image caption အမှားတွေ့ နိုင်မယ့် နည်းလမ်း အသစ်တွေကို လူတွေ ဖန်တီး နေကြတယ်လို့ ဟော့ကင်း ပြော။

လူသားမျိုးနွယ်ရဲ့ အနာဂတ်ဟာ လူတွေကြောင့် ဖြစ်လာမယ့် ကပ်ဘေးတွေကြောင့် ပျက်သုဉ်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင် နေရတယ်လို့ ထင်ရှား ကျော်ကြားတဲ့ ရူပဗေဒ ပညာရှင် စတီဖင် ဟော့ကင်းက ပြောပါတယ်။

အဲဒီ လူလုပ် အန္တရာယ်တွေ အနက် နျူကလီးယား စစ်ပွဲ၊ ကမ္ဘာကြီး ပူနွေးလာမှု၊ မျိုးဗီဇ ပြုပြင်ထားတဲ့ ဗိုင်းရပ်စ်တွေ၊ စတာတွေကို သူက ထောက်ပြ သွားပါတယ်။

သိပ္ပံနဲ့ နည်းပညာမှာ ပိုမို တိုးတက် လာလေလေ၊ အမှားနဲ့ ရင်ဆိုင်ရနိုင်တဲ့ နည်းလမ်းတွေ ပို တိုးလာလေလေ ပဲလို့ သူက ပြောပါတယ်။

အခု လောလောဆယ်မှာတော့ အဲဒီလို ကပ်ဘေးတွေကြောင့် လူသားမျိုးနွယ် ပျက်သုဉ်းရမယ့် အလားအလာ နည်းနေသေးပြီး၊ နောင်နှစ် တစ်ထောင်ကျော် လောက်မှာတော့ အလားအလာ များလာမယ်လို့ ပြောပါတယ်။

တခြား ဂြိုဟ်တွေမှာ နယ်မြေ ချဲ့ထွင် အခြေချ နိုင်ခဲ့မယ် ဆိုရင်တော့ လူသား မျိုးနွယ် ပျက်သုဉ်းမယ့် ဘေးကို ရှောင်ကွင်း နိုင်လိမ့်မယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့် အဲဒီလို တခြား ဂြိုဟ်ကမ္ဘာတွေဆီ သွားရောက် အခြေချဖို့ ကြိုးစားမယ် ဆိုရင် အနည်းဆုံး နှစ် တစ်ရာလောက် အချိန်ယူရမှာ ဖြစ်ပြီး၊ အဲဒီ အချိန် မတိုင်ခင်မှာ ကပ်ဘေးတွေကို သတိထား ရမယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ