ကမ္ဘာတဝှမ်း စတော့ရှယ်ယာ စျေးတွေ ကျဆင်း

  • 20 ဇန်နဝါရီ 2016
london_stock_market ဓာတ်ပုံ မူပိုင် AFP
Image caption လန်ဒန် မြို့ မှာ စတော့ ရှယ်ရာ တန်ဖိုး အဓိက ရည်ညွှန်းကိန်း ၃.၅ % ကျဆင်းပြီး စျေးပိတ် ခဲ့ရပါတယ်။

ဇန်နဝါရီ ၂၀ ၇က် ဗုဒ္ဓဟူး နေ့က တကမ္ဘာ လုံး အနှံ့ က စတော့ စျေးကွက် တွေ မှာ ရှယ်ယာ တန်ဖိုး တွေ ကြီးကြီးမားမား ကျဆင်း ခဲ့တဲ့ အတွက် ဒေါ်လာ သန်း ထောင်းပေါင်း များစွာ ဆုံးရှုံး ခဲ့ရပါတယ်။

ရေနံ စျေးတွေ ထိုးဆင်း နေတာ အပါအဝင် ကမ္ဘာ့ စီးပွားရေး နှေးကွေး လာတဲ့ အခြေအနေ အပေါ် စိုးရိမ် မှု တွေ ရှိနေတဲ့ အတွက် အခုလို စတော့ ရှယ်ယာ တန်ဖိုးတွေ ကျဆင်း ခဲ့ရတာ ဖြစ်ပါတယ်။

လန်ဒန် မြို့ မှာ စတော့ ရှယ်ရာ တန်ဖိုး အဓိက ရည်ညွှန်းကိန်း ၃.၅ % ကျဆင်းပြီး စျေးပိတ် ခဲ့ရပါတယ်။

ရှယ်ယာ တန်ဖိုး တွေ အမြင့်ဆုံး ဖြစ်ခဲတဲ့ နောက်ဆုံး အကြိမ်နဲ့ နှိုင်းယှဉ်မယ် ဆိုရင် ရာခိုင်းနှုန်း ၂၀ ကျော် ကျဆင်း ခဲ့တာ ဖြစ်တဲ့ အတွက် စတော့ စျေးကွက် ရဲ့ အခေါ် အဝေါ် အရ bear market ဖြစ်ခဲ့ရပါတယ်။

ပြင်သစ် နိုင်ငံ ပါရီ မြို့တော် နဲ့ ဂျာမနီ နိုင်ငံ ဖရန့်ဖွတ် တို့မှာလည်း စတော့ ရှယ်ယာ တန်ဖိုး ၃ % ကျဆင်း ပြီး စျေးပိတ် ခဲ့သလို အမေရိကန် စတော့ စျေးကွက် တွေ မှာလည်း သိသိသာသာ ကျဆင်း ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ