ပါကစ္စတန် တက္ကသိုလ် တိုက်ခိုက်ခံရ၊ ၁၉ ဦး သေ

  • 20 ဇန်နဝါရီ 2016
Image caption တိုက်ခိုက်သူတွေက လက်နက် အပြည့်အစုံနဲ့ ပြင်းပြင်းထန်ထန် တိုက်ခဲ့ကြတာလို့ ဘီဘီစီ သတင်းထောက်က ပြော။

ပါကစ္စတန် နိုင်ငံ အနောက်မြောက် ပိုင်းက တက္ကသိုလ်ကျောင်း တစ်ကျောင်းကို ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက သေနတ်သမားတွေ ဝင်ရောက် တိုက်ခိုက်ခဲ့လို့ လူ ၁၉ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ချာဆာဒါ မြို့က ဘာချာ တက္ကသိုလ်မှာ ၃ နာရီ နီးပါး ကြာအောင် လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ပစ်ခတ် ခဲ့ပြီးနောက် ဝင်ရောက် တိုက်ခိုက်သူ ၄ ဦး စလုံး သေဆုံး ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ပါကစ္စတန် တာလီဘန် အဖွဲ့ရဲ့ လက်ချက် ဟုတ်မဟုတ် ဆိုတာနဲ့ ပတ်သက်ပြီး ကွဲလွဲတဲ့ သတင်းတွေ ထွက်ပေါ် နေပါတယ်။

ပါကစ္စတန် တာလီဘန် အဖွဲ့ဟာ ၂၀၁၄ ခုနှစ်က ချာဆာဒါမြို့နဲ့ မိုင် ၃၀ ဝေးတဲ့ ပက်ရှ်ဝါမြို့မှာ စာသင်ကျောင်း တစ်ကျောင်းကို တိုက်ခိုက် ခဲ့ပြီး ကျောင်းသား ၁၃၀ သေဆုံး ခဲ့ရပါတယ်။

အခု တိုက်ခိုက်မှုကတော့ ပါကစ္စတန်နဲ့ အာဖဂန် နယ်စပ် တလျှောက်မှာ ပေါ်ပေါက် နေတဲ့ စစ်သွေးကြွ အုပ်စုတွေရဲ့ လက်ချက် ဖြစ်နိုင်တဲ့ အထောက်အထား တွေလည်း ရှိနေပါတယ်။

ဝန်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ်က သူ့နိုင်ငံထဲက အကြမ်းဖက် အန္တရာယ်တွေ အားလုံးကို ရှင်းလင်းသွားဖို့ သန္နိဋ္ဌာန် ချထားတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ