အမှတ် ၉ ဂြိုဟ် ရှာတွေ့နိုင်ဖွယ် ရှိတယ်

  • 20 ဇန်နဝါရီ 2016
planet_nine
Image caption ကွန်ပျူတာ အခြေခံ တွက်ချက်မှု တွေကို အခြေခံ ပြောနေကြတာ ဖြစ်ပြီး နောက် လာမယ့် ၅ နှစ် အတွင်းမှာတော့ အဝေးကြည့် မှန်ပြောင်း ကနေ တွေ့ရ လာနိုင်တယ်။

မြေကမ္ဘာ ပါဝင်တဲ့ နေ အဖွဲ့အစည်း ထဲမှာ ဂြိုဟ် သစ် တစ်လုံး ထပ်မံ တွေ့ရှိ နိုင်တယ် လို့ ယူဆ ရကြောင်း အမေရိကန် သိပ္ပံ ပညာရှင် တွေက ပြောပါတယ်။

ကမ္ဘာ မြေကြီး ထက် ၁၀ ဆ ဝန်းကျင် ကြီးမား နိုင်တဲ့ အဲဒီ့ ဂြိုဟ် ကို ဂြိုဟ် အမှတ် ၉ ဆိုပြီး ကယ်လီဖိုးနီးယား နည်းပညာ တက္ကသိုလ် က သူတေသီ တွေက ယာယီ နာမည် ပေး ထားပါတယ်။

လက်ရှိ နေနဲ့ အဝေးဆုံး ဂြိုဟ် လို့ သတ်မှတ် ထားတဲ့ နတ်ပကျွန်း ရဲ့ အနောက် မိုင် သန်း ထောင်ပေါင်း များစွာ ဝေးတဲ့ အရပ် မှာ အဲဒီ့ ဂြိုဟ် လည်ပတ် နေတယ် လို့ သုတေသီ တွေ က ဆိုပါတယ်။

ဒါပေမယ့် အခု တွေ့ရှိ မှုတွေ ဟာ ကွန်ပျူတာ အခြေခံ တွက်ချက်မှု တွေကို အခြေခံ ပြောနေကြတာ ဖြစ်ပြီး နောက် လာမယ့် ၅ နှစ် အတွင်းမှာတော့ အဝေးကြည့် မှန်ပြောင်း ကနေ တွေ့ရ လာနိုင်တယ် ဆိုပြီး သိပ္ပံ ပညာရှင် တွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ