ရှေးအကျဆုံး အုပ်စုလိုက် သတ်ဖြတ်မှုကို တွေ့ရှိ

  • 21 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ရုပ်ကြွင်းတွေ ထဲမှာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေပါ ပါဝင်။

လှည့်လည် နေထိုင်တဲ့ ရှေးဟောင်း မုဆိုးတွေ အကြား တိုက်ခိုက် သတ်ဖြတ်တဲ့ အစောဆုံး အထောက်အထားကို ကင်ညာ နိုင်ငံ မြောက်ပိုင်းမှာ တွေ့ရတယ်လို့ ရှေးဟောင်း သုတေသန ပညာရှင်တွေက ပြောပါတယ်။

တာကာနာ ရေအိုင်ရဲ့ အနောက်ဘက်က ရှေးဟောင်း သုတေသန ဆိုဒ်တစ်ခုမှာ တွေ့ရတဲ့ လွန်ခဲ့တဲ့ နှစ် ၁ သောင်းက လူ ၂၇ ဦးရဲ့ အကြွင်းအကျန်တွေက တိုက်ခိုက် သတ်ဖြတ် ခံရတဲ့ လက္ခဏာတွေကို ဖော်ပြ နေတယ်လို့ ဆိုပါတယ်။

အဲဒီ ရုပ်ကြွင်းတွေ ထဲမှာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေပါ ပါဝင်ပြီး သူတို့ အလောင်းတွေကို မမြှုပ်နှံဘဲ ဒီအတိုင်း ပစ်ထား ခံရတာလို့ ဆိုပါတယ်။

ရှေးဦး လူတွေကြား အကြမ်းဖက် တိုက်ခိုက်တာတွေက သူတို့တွေ အတည်တကျ နေထိုင်ချိန် ရောက်မှသာ ပေါ်ပေါက် လာတာလို့ ပညာရှင် အများစုက ပြောထားပါတယ်။ ဒါပေမယ့် အခု အထောက်အထား မှာတော့ တိုက်ခိုက် သတ်ဖြတ်ခံရတဲ့ ရုပ်ကြွင်းတွေက လှည့်လည် နေထိုင်တဲ့ မုဆိုးတွေ ဖြစ်နေပါတယ်။

ရှေးဟောင်း သုတေသန ပညာရှင်တွေက အဲဒီ နေရာကို ၂၀၁၂ ခုနှစ် ကတည်းက လေ့လာ နေကြတာ ဖြစ်ပြီး၊ ရုပ်ကြွင်းတွေဟာ တင်းပုတ်နဲ့ အရိုက်ခံရတာ ဒါမှမဟုတ် အချွန်နဲ့ အထိုးခံကြရတာ ဆိုတာကို တွေ့ရှိ ခဲ့ကြတာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ