ဘရာဇီးမှာ ဇီကာဗိုင်းရပ်စ် ကူးစက် ကလေးငယ် တိုးပွား

  • 21 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ဦးနှောက် သေးငယ်တဲ့ ရောဂါနဲ့ မွေးလာတဲ့ ဘရာဇီး ကလေးငယ် တစ်ဦး။

ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ မိခင်တွေဆီက ဦးခေါင်းအရွယ် ပုံမှန်ထက် သေးငယ်တဲ့ ကလေးငယ်တွေ မွေးဖွားမှု အရေအတွက်ဟာ ဘရာဇီးနိုင်ငံမှာ တိုးမြင့် လာတယ်လို့ အချက်အလက် အသစ်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ လက စပြီး ဦးနှောက် သေးငယ်တဲ့ ကလေးတွေ မွေးဖွားမှု ၃ ထောင် ၉ ရာ နီးပါး ရှိခဲ့ကာ၊ ပြီးခဲ့တဲ့ သီတင်းပတ် ထဲမှာတင် ၅၀၀ နီးပါး တိုးမြှင့် ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

ဇီကာ ဗိုင်းရပ်စ်ဟာ သွေးလွန်တုပ်ကွေးနဲ့ ဆင်တုပ်ကွေး ဗိုင်းရပ်စ်တွေကို သယ်ဆောင်တဲ့ Aedes aegypti ခြင် ကနေ ကူးစက်တာ ဖြစ်ပါတယ်။

ဘရာဇီး နိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ ဇီကာ ဗိုင်းရပ် ကူးစက်မှုဟာ အခုဆိုရင် လက်တင် အမေရိကက တခြား နိုင်ငံတွေမှာပါ တွေ့နေရ ပါတယ်။

ဇီကာ ဗိုင်းရပ်စ်ကြောင့် ဘရာဇီးမှာ ကလေးငယ် ၅ ဦး သေဆုံးခဲ့ပြီး ဖြစ်ကာ တခြား သေဆုံးမှု ၄၄ ခုကိုလည်း စုံစမ်း စစ်ဆေး နေတယ်လို့ ဘရာဇီး ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ