စစ်ရာဇဝတ်မှုတွေနဲ့ ကိုဆိုဗို နိုင်ငံရေးသမားကို ထောင်ဒဏ်ပေး

  • 21 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ကိုဆိုဗို ဒေသက ထင်ရှားတဲ့ နိုင်ငံရေး သမား ဖြစ်လာသူ အိုလီဗာ အိုင်ဗန်နိုဗစ်။

ကိုဆိုဗို ဒေသက ထင်ရှားတဲ့ ဆာ့ဗ် နိုင်ငံရေး သမား အိုလီဗာ အိုင်ဗန်နိုဗစ် Oliver Ivanovic ကို စစ်ရာဇဝတ်မှု စွဲချက်တွေနဲ့ အီးယူ တရားရုံး တစ်ခုက ထောင်ဒဏ် ၉ နှစ် ချမှတ် လိုက်ပါတယ်။

သူဟာ ၁၉၉၉ ခုနှစ်၊ ဆားဗီးယားကနေ ခွဲထွက်တဲ့ ကိုဆိုဗို စစ်ပွဲ အတွင်းက အယ်ဘေးနီးယန်း တွေကို သတ်ဖြတ်ဖို့ ဆာ့ဗ် ပြည်သူ့စစ် တပ်ဖွဲ့တွေကို တွန်းအား ပေးခဲ့တယ် ဆိုတဲ့ စွဲချက်တွေ အတွက် ခုလို ချမှတ် ခံရတာပါ။

နိုင်ငံရေး သဘောထား အလယ်အလတ် ရှိတဲ့ အိုင်ဗန်နိုဗစ် ကတော့ အဲဒီ စွဲချက်တွေကို ငြင်းဆန် ခဲ့ပါတယ်။

ဆားဗီးယား ဒုဝန်ကြီးချုပ် ကလည်း အခုလို ပြစ်ဒဏ် ချမှတ်မှုကြောင့် ကိုဆိုဗို ဒေသမှာ တင်းမာမှုတွေ ပြန်လည် ဆိုးရွား လာစေ နိုင်တယ်လို့ ပြောပါတယ်။

အိုင်ဗန်နိုဗစ်ကို အယူခံ စောင့်နေချိန် အတွင်းမှာ နေအိမ် အကျယ်ချုပ် ချထားပါတယ်။ သူနဲ့ အတူ စွဲချက်တင် ခံရတဲ့ တခြား လူ ၄ ယောက်ကိုတော့ တရားရုံးက တရားသေ လွှတ်ပေး ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ