အမေရိကန် နှင်းမုန်တိုင်းအတွက် လူသန်းချီ ပြင်ဆင်

  • 22 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် epa
Image caption လူတွေ အလုအယက် ဝယ်ယူကြလို့ မေရီလန်းဒ် ပြည်နယ်က ဆိုင်တွေမှာ ပစ္စည်းတွေ ပြတ်တောက်။

အမေရိကန် ပြည်ထောင်စု အရှေ့ဘက် ကမ်းရိုးတမ်း တလျှောက်မှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်း တစ်ခု ကျရောက်ဖို့ ရှိပြီး နှင်းထု စံချိန်တင် နီးပါး ကျဆင်းဖို့ ရှိနေပါတယ်။

ဒီကနေ့ သောကြာနေ့ နှောင်းပိုင်းမှာ နှင်းထု ၂ ပေ လောက်အထိ ကျဆင်းနိုင်ပြီး မုန်တိုင်း တစ်ခု အထိ ဖြစ်လာနိုင်တယ်လို့ လူ သန်း ၅၀ ကျော်ကို သတိပေးချက် ထုတ်ထားပါတယ်။

နှင်းမုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေနဲ့ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်မှုတွေ ကြုံနိုင်တယ် လို့လည်း သတိပေး ထားပါတယ်။

အထောက်အပံ့ ပစ္စည်းတွေကို လူတွေ အလုအယက် ဝယ်ယူ ကြတဲ့အတွက် ဆိုင်တွေမှာ ပစ္စည်းတွေ ပြတ်တောက် ကုန်ပါတယ်။

ဆိုးရွားတဲ့ ရာသီဥတုကြောင့် ခုချိန်အထိ မြောက်ကာရိုလိုင်းနား ပြည်နယ်က ကားဒရိုင်ဘာ ၂ ဦး၊ တန်နက်ဆီ ပြည်နယ်က ၁ ဦးနဲ့ မေရီလန်းဒ် ပြည်နယ်က လူတစ်ဦးတို့ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ