အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်းကို နှင်းမုန်တိုင်း ၀င်နေပြီ

  • 22 ဇန်နဝါရီ 2016
us_snow_storm
Image caption ပြည်နယ် အနှံ့ ယာဉ် မတော် တဆ မှုတွေ ဖြစ်ခဲ့လို့ လူ ၈ ဦး အသက် ဆုံးရှုံး ခဲ့ရပြီး ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု ရဲ့ အရှေ့ဘက် ကမ်းရိုးတန်း တလွှားပြည် နယ် တွေ မှာ နှင်းမုန်တိုင်း အကြီးအကျယ် စတင် ကျရောက် နေပြီ ဖြစ်ပါတယ်။

နှစ်တစ်ရာ အတွင်း အဆိုးရွားဆုံး နှင်းကျတဲ့ ဒဏ်ကို ဝါရှင်တန် ကနေ နယူးယောက် အထိ ခံရနိုင်တယ် ဆိုပြီး ခန့်မှန်း ထားကြပါတယ်။

လေယာဉ် ခရီးစဉ် ထောင်ပေါင်း များစွာ ဖျက်သိမ်း ထားပြီး လာမယ့် နာရီ အနည်းငယ် အတွင်း နှင်းတွေ ၂၃ လက်မ ကျော် ကျ တဲ့ ဒဏ်ကို လူ သန်း ၅၀ ကျော် တွေ့ကြုံ ရလိမ့်မယ် လို့ သတိ ပေး ထားပါတယ်။

အမေရိကန် တောင်ပိုင်း အာကင်ဆော ပြည်နယ် ကနေ အရှေ့မြောက်ဘက် မက်ဆာချူးဆက် ပြည်နယ် အထိ အခု နှင်းမုန်းတိုင်း ဒဏ် တွေ့ကြုံ ရမှာ ဖြစ်ပါတယ်။

ဆိုးရွားတဲ့ ရာသီ ဥတု ဒဏ်ကြောင့် ပြည်နယ် အနှံ့ ယာဉ် မတော် တဆ မှုတွေ ဖြစ်ခဲ့လို့ လူ ၈ ဦး အသက် ဆုံးရှုံး ခဲ့ရပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ