ဘရာဇီးမှာ ဇီကာဗိုင်းရပ်စ် ကူးစက်မှု မထိန်းချုပ်နိုင် ဖြစ်နေ

  • 22 ဇန်နဝါရီ 2016
_zika_virus_ ဓာတ်ပုံ မူပိုင် AP
Image caption ဇီကာ ဗိုင်းရပ်စ်ပိုး ဟာ ဦးနှောက် မဖွံ့ဖြိုးပဲ ကလေး တွေ မွေးဖွား လာတာ နဲ့ ဆက်စပ် နေပါတယ်။

ဘရာဇီး နိုင်ငံ မှာ ခြင်ကနေ တဆင့် ကူးစက်တဲ့ ဇီကာ ဗိုင်းရပ်စ်ပိုး ပြန့်နှံ့ နေတာဟာ ထိန်းချုပ်လို့ မရ နိုင်တဲ့ အခြေအနေ မျိုး ရောက်လာမှာ စိုးရိမ်ရတယ် ဆိုပြီး ဘရာဇီးရဲ့ ကျန်းမာရေး ဆိုင်ရာ အာဏာပိုင် တွေ က ပြောနေ ပါတယ်။

အဲဒီ့ ဇီကာ ဗိုင်းရပ်စ်ပိုး ဟာ ဦးနှောက် မဖွံ့ဖြိုးပဲ ကလေး တွေ မွေးဖွား လာတာ နဲ့ ဆက်စပ် နေပါတယ်။

ဘရာဇီး မှာ ရာသီဥတု အရ သာမန်တဲ့ ပိုပြီး မိုးများ နေတဲ့ အခြေအနေ အပါအဝင် တိုင်းပြည်မှာ ကြုံနေရတဲ့ စီးပွားရေး အကြပ်အတည်း ကြောင့် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍ မှာ အားနည်း နေတဲ့ အချက် တွေ ဇီကာ ဗိုင်းရပ်စ် ပြန့်နှံ့မှု ပိုမို ဖြစ်ပေါ် နေစေတယ်လို့ သုတေသီ တွေက ဆိုပါတယ်။

တောင် မြောက် အမေရိကတိုက် တလွှား တခြား နိုင်ငံ တော်တော် များများမှာလည်း ဇီကာ ဗိုင်းရပ်စ် ကူးစက် မှု ဖြစ်ပေါ် နေပါတယ်။

အခုနှစ် ဩဂုတ်လ ပထမ သီတင်းပတ် မှာ ဆိုရင် ၂၀၁၆ အိုလံပစ် အားကစား ပွဲတော် ကို ဘရာဇီး နိုင်ငံ မြို့တော် ရီယိုဒီ ဂျနေးရိုး မှာ လက်ခံ ကျင်းပ မှာ ဖြစ်တဲ့ အတွက် အခုလို ဇီကာ ဗိုင်းရပ်စ် ကူးစက် ပြန့်နှံ့ နေတဲ့ အခြေအနေ အပေါ် စိုးရိမ်မှု တွေ လည်း တိုးတက် လာစေပါတယ်။

အာဖရိက၊ အာရှ နဲ့ ပစိဖိတ် ဒေသ တွေ က နိုင်ငံပေါင်း ၁၀ နိုင်ငံ မှာလည်း ဇီကာ ဗိုင်းရပ်စ် ကူးစက် ခံ ထားရသူ တွေ ရှိတယ် ဆိုတဲ့ သတင်း ပေးပို့မှု တွေ ရရှိ ထားတယ် ဆိုပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ