တရုတ်နဲ့အီရန် ရင်းနှီးတဲ့ စီပွားဖက်တွေ ဖြစ်လာ

  • 23 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AP
Image caption ဆယ်စုနှစ်အတွင်း အီရန်ကို ပထမဆုံးအကြိမ် လည်ပတ်ခဲ့တဲ့ တရုတ်ခေါင်းဆောင်

တရုတ်နဲ့ အီရန်ခေါင်းဆောင်နှစ်ဦးဟာ ရင်းနှီးတဲ့စီးပွားဖက်တွေအဖြစ် သဘောတူစာချုပ်ချုပ်ဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

တရုတ်သမ္မတဇီကျင်ပင်းနဲ့ အီရန်သမ္မတရိုဟာနီတို့ စွမ်းအင်ကုန်သွယ်မှု အပါအဝင် ဒေါ်လာဘီလျံ၆၀၀တန်ကြေးရှိတဲ့ အခြားသဘောတူညီမှု၁၇ခုကိုလည်း အီရန်နိုင်ငံမှာ စာချုပ်တွေချုပ်ဆိုခဲ့ကြတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့တစ်ပတ်က အီရန်အပေါ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းမှုလိုက်ပြီးနောက်ပိုင်း တရုတ်သမ္မတဇီကျင်ပင်းဟာ အီရန်ကိုပထမဆုံးလာရောက်လည်ပတ်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။

အထက်ပါခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးကြတဲ့အထဲမှာ စီးပွားရေးသဘောတူညီမှုတွေ အပါအဝင် အကြမ်းဖက်တိုက်ခိုက်နှိမ်နင်းမှု ၊ အရှေ့အလယ်ပိုင်းဒေသတွင်း မတည်မငြိမ်ဖြစ်နေမှု၊ ခေတ်မှီနည်းပညာကဏ္ဍနဲ့သိပ္ပံ၊ ခရီးသွားလုပ်ငန်းတို့လည်းပါဝင်တယ်လို့ အီရန်သမ္မတရိုဟာနီကပြောပါတယ်။ဒီသဘောတူစာချုပ်အရ တရုတ်နိုင်ငံဟာ အီရန်နိုင်ငံရဲ့အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်လာပါတယ်။