ပိုလန်တဝှမ်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်

  • 23 ဇန်နဝါရီ 2016
poland_protest
Image caption အစိုးရဟာ ဒီမိုကရေစီ စနစ် ကို ဆန့်ကျင် တဲ့ လုပ်ရပ်တွေ ကျူးလွန် နေတယ် ဆိုပြီး ဆန္ဒပြ သမားတွေ က ကန့်ကွက် နေကြ။

ပိုလန် နိုင်ငံ ရဲ့ အာဏာရ ရှေးရိုးစွဲ ကွန်ဆာဗေးတစ် ဝါဒီ အစိုးရသစ် အပေါ် နိုင်ငံတလွှား ဆန္ဒပြ နေကြပါတယ်။

လက်ရှိ အစိုးရဟာ ဒီမိုကရေစီ စနစ် ကို ဆန့်ကျင် တဲ့ လုပ်ရပ်တွေ ကျူးလွန် နေတယ် ဆိုပြီး ဆန္ဒပြ သမားတွေ က ကန့်ကွက် နေကြ ပါတယ်။

ဝါဆော မြို့တော် က ဝန်ကြီးချုပ်ရုံး အရှေ့ လူတွေ သောင်းနဲ့ချီ စုဝေးပြီး ဒီမို ကရေစီ လို့ ဟစ်ကြွေး ခဲ့ကြ ပါတယ်။

အဲဒီ့ ဆန္ဒပြ သမား တွေ ဟာ ပိုလန် နိုင်ငံ တော် အလံ နဲ့ ဥရောပ သမဂ္ဂ အလံ တွေကိုလည်း ကိုင်ဆောင် ထားကြ ပါတယ်။

ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာ လ မှာ လက်ရှိ အစိုးရ အာဏာရ လာခဲ့ ပြီးတဲ့ နောက် သတင်းမီဒီယာ အပါအဝင်၊ အများပြည်သူ အတွက် ဝန်ဆောင်မှု လုပ်ငန်း တွေ နဲ့ အခြေခံ ဥပဒေ ခုံရုံး ကို ပိုမို ထိန်းချုပ် တဲ့ ဥပဒေတွေ ပြဌာန်း ခဲ့ ပါတယ်။

အစိုးရ ကတော့ သူတို့ အနေနဲ့ ရွေးကောက်ပွဲ မှာ ပြတ်ပြတ်သားသား အနိုင်ရ ထားတဲ့ အတွက် တိုင်းပြည်တွင်း ပြုပြင် ပြောင်းလဲရေး တွေ လုပ်ဆောင်ဖို့ အခွင့်အာဏာ အပြည့်ရှိတယ် လို့ ဆိုပါတယ်။

ပိုလန် အစိုးရသစ် ပြဌာန်း ခဲ့တဲ့ ဥပဒေတွေဟာ ဥရောပ သမဂ္ဂ အီးယူ ရဲ့ စံညွှန်းစံထားတွေ နဲ့ ကိုက်ညီ ရဲ့လား ဆိုတာ ကို အီးယူ အဖွဲ့ က စတင် စုံစမ်း နေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ