နှင်းမုန်တိုင်းဒဏ်နဲ့ အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်း ပြည်နယ်တွေ အေးခဲနေ

  • 23 ဇန်နဝါရီ 2016
_us_snow_storm
Image caption နှင်းမုန်တိုင်း ဒဏ် ခံရတဲ့ နေရာ အနှံ့အပြားမှာ လျှပ်စစ် ပြတ်တောက် နေပြီး နယူးဂျာဇီ နဲ့ ဗာဂျီးနီးယား ပြည်နယ် တွေ မှာ အထိခိုက် ဆုံး ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု အရှေ့ဘက် ကမ်းရိုးတန်း တလွှား နေရာ အများစု မှာ အင်မတန် ပြင်းထန်တဲ့ နှင်းမုန်တိုင်း ဒဏ် ခံခဲ့ရလို့ အေးခဲ နေပြီး တချို့ နေရာတွေ မှာဆိုရင် ၃ ပေ နီးပါး နှင်းထု ကျဆင်း ခဲ့ ပါတယ်။

နယူးယောက် ပြည်နယ် အုပ်ချုပ်ရေးမှုး အင်ဒရူး ကွာမို က ပြည်နယ် အတွင်း ရှိသမျှ လမ်း တံတား တွေ အားလုံး အပါအဝင် လိုင်ခေါင်းနဲ့ မြေအောက် ရထားလမ်း တွေ ကို ပိတ်ထား ခဲ့ပြီး ခရီးသွားလာ ခွင့် တားမြစ် ထားပါတယ်။

နှင်းမုန်တိုင်း ဒဏ် ခံရတဲ့ နေရာ အနှံ့အပြားမှာ လျှပ်စစ် ပြတ်တောက် နေပြီး နယူးဂျာဇီ နဲ့ ဗာဂျီးနီးယား ပြည်နယ် တွေ မှာ အထိခိုက် ဆုံး ဖြစ်ပါတယ်။

နှင်းမုန်တိုင်း ဒဏ်ကြောင့် ထဲမှာ အနည်းဆုံး လူ ၁၀ ဦး သေဆုံး ခဲ့ပြီး ပြည်နယ် ၁၀ ပြည်နယ် ထဲမှာ အရေးပေါ် အခြေအနေ ကြေညာ ထားရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ