ဇီကာကြောင့် ကိုယ်ဝန်မယူကြသေးဖို့ သတိပေး

  • 23 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption အယ်ဆာဗေဒိုးမှာ ခြင်နှိမ်နင်းမှု လုပ်နေ

ဇီကာဗိုင်းရပ်စ်ကြောင့် လက်တင်အမေရိကနဲ့ ကာရေဘီယံနိုင်ငံတွေမှာကိုယ်ဝန်ယူတာတွေ ရှောင်ရှားထားဖို့ သတိပေးထားပါတယ်။

ဇီကာဗိုင်းရပ်စ်ပိုးရှိတဲ့ ခြင်ကိုက်ခံရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး တွေကနေ ဦးခေါင်းသေးပြီး ဦးနှောက်မဖွံ့ဖြိုးတဲ့ခလေးတွေမွေးဖွားလာပြီးနောက်အခုလိုသတိပေးတာ တွေ ဖြစ်လာတာပါ။

ဘရာဇီးနိုင်ငံ ကနေစတင်ဖြစ် ပွား တဲ့ဒီရောဂါကြောင့် ကိုလံဘီယာ၊ဂျမေကာ၊ အယ်ဆာဗေဒိုနဲ့ အီကွေဒေါ နိုင်ငံတွေက ကျန်းမာရေးတာဝန်ရှိသူတွေက ကိုယ်ဝန်ယူတာတွေ မလုပ်ကြသေးဖို့ သတိပေးထားပါတယ်။

ဒီလိုသတိပေးမှုတွေအပေါ် အမျိုးသမီးအခွင့်အရေးလုပ်ရှားသူများက ဝေဖန်ကန့်ကွက်ထားပါတယ်။

တောင်မြောက် အမေရိကတိုက်တလွှား တခြားနိုင်ငံ တော်တော်များများမှာလည်း ဇီကာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပေါ် နေသလို အာဖရိက၊ အာရှ နဲ့ ပစိဖိတ် ဒေသ တွေက နိုင်ငံပေါင်း ၁၀ နိုင်ငံမှာလည်း ကူးစက်ခံထားရသူတွေ ရှိနေတယ်ဆိုပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO ကပြောထားပါတယ်။

လွန်ခဲ့တဲ့အောက်တိုဘာလကစပြီး ဇိကာဗိုင်းရပ်စ်ပိုးကြောင့် ပုံမှန်မဟုတ်တဲ့ခေလေးငယ် လေးထောင်ကျော်မွေးခဲ့တယ်လို့ ဘရာဇီးအစိုးရကလည်း ထုတ်ပြန်ထားတာပါတယ်။