အမေရိကန် နှင်းမုန်တိုင်း ဒဏ်က သက်သာရာရ

  • 24 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption ရထား၊ ကား နဲ့ လေယာဉ် ခရီးစဉ်တွေ ကိုလည်း ဖျက်သိမ်းခဲ့ရကာ ခရီးသွားလာမှုတွေကိုလည်း တားမြစ်ခဲ့

အမေရိကန် နိုင်ငံ နယူးယောက်မှာ နှင်းမုန်တိုင်း ကြောင့် ရာသီဥတု အခြေအနေ ဆိုးရွားနေလို့ ခရီးမသွားဖို့ တားမြစ် ထား တာတွေကို ပြန်လည် ရုတ်သိမ်း ခဲ့ပါတယ်။

ဆယ်စုနှစ် တစ်ခု အတွင်းမှာ အဆိုးရွားဆုံး နှင်းမုန်တိုင်း တိုက်ခတ်မှု ဖြစ်ပြီး ရာသီဥတု ဆိုးရွားလို့ မတော်တဆမှုတွေ ဖြစ်ပွားပြီး သေဆုံးခဲ့သူ ၁၈ ယောက် ရှိခဲ့ပါတယ်။

အချို့ဒေသတွေမှာ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး သုံးပေ ကျော်တဲ့ အထိ ဆီးနှင်း ကျဆင်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဈေးဝယ် ကုန်တိုက်တွေ ပိတ်ခဲ့ရပြီးရထား၊ ကား နဲ့ လေယာဉ် ခရီးစဉ်တွေ ကိုလည်း ဖျက်သိမ်းခဲ့ရကာ ခရီးသွားလာမှုတွေကိုလည်း တားမြစ်ထားခဲ့တာ ဖြစ်ပါတယ်။

လတ်တလော သတင်းတွေအရ နှင်းမုန်တိုင်း ဟာ အက်တလန္တိတ် သမုဒ္ဒရာ ဘက်ကို ဦးတည် ရွေ့လျားနေပြီး အနည်းငယ်လျော့ပါး သွားခဲ့ပြီလို့ သိရပါတယ်။

ဒါပေမယ့် နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အကျိုးဆက် တွေကို ဖြေရှင်းဖို့ ရက်ပေါင်းများစွာ ကြာဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ