အအေးဒဏ်ကြောင့် ထိုင်ဝမ်မှာ ၈၅ဦး သေဆုံး

  • 25 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption တောင်ကိုရီးယားမှာ အပန်းဖြေ ခရီးသွား ၆ သောင်းလောက် လေဆိပ်တွေမှာ ပိတ်မိနေ။

အာရှ အရှေ့ပိုင်း ဒေသမှာ အပူချိန် ရုတ်တရက် ကျဆင်းမှုကြောင့် ထိုင်ဝမ်မှာ အနည်းဆုံး ၈၅ ယောက် သေဆုံး ခဲ့ပြီး၊ တောင်ကိုရီးယား မှာတော့ ကမ္ဘာလှည့် ခရီးသွား ၆ သောင်းလောက် ပိတ်မိ နေတယ်လို့ သိရပါတယ်။

အပူချိန်ဟာ အခု သီတင်းပတ် အကုန်မှာ နှစ်ပေါင်း များစွာအတွင်း မကြုံဖူးတဲ့ ဒီဂရီ အထိ ရုတ်တရက် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ်က သေဆုံးသူ အများစုဟာ ကိုယ်ပူချိန် ကျဆင်းတဲ့ ရောဂါ၊ နှလုံးနဲ့ ဆက်နွယ်တဲ့ ရောဂါတွေကြောင့် သေဆုံးရတဲ့ အသက်ကြီးပိုင်းတွေ ဖြစ်တယ်လို့ ထိုင်ဝမ် သတင်းမီဒီယာက ဆိုပါတယ်။

ဆီးနှင်းတွေ စံချိန်တင် ကျဆင်း တဲ့အတွက် တောင်ကိုရီးယား မှာလည်း အပန်းဖြေ ခရီးထွက်ရာ ဂျေဂျူးကျွန်း လေဆိပ်ကို ပိတ်ထား ရပြီး လေယာဉ် ခရီးစဉ်တွေကို ပယ်ဖျက် ခဲ့ရပါတယ်။

အပူချိန် ကျဆင်းတဲ့ ဒဏ်ကို တရုတ်ပြည် တောင်ပိုင်း၊ ဟောင်ကောင်နဲ့ ဂျပန် တို့မှာလည်း ကြုံတွေ့ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ