အငြင်းပွားဖွယ် ဒိန်းမတ် ဥပဒေသစ် ဝေဖန် ခံနေရ

  • 26 ဇန်နဝါရီ 2016
denmark_migrants_ ဓာတ်ပုံ မူပိုင်
Image caption ရွှေ့ပြောင်း ဝင်ရောက် လာသူ တွေ ပါလာတဲ့ တချို့ ပစ္စည်း ဥစ္စာ တွေကို ဒိန်းမတ် အာဏာပိုင်တွေက သိမ်းယူခွင့် ရှိ လာ။

ဒိန်းမတ် နိုင်ငံထဲ ခိုလှုံဖို့ ဝင်ရောက် နေသူတွေကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ အငြင်းပွားဖွယ် ဥပဒေ တစ်ရပ် ကို ဒိန်းမတ် ပါလီမန် က အတည်ပြု လိုက်တဲ့ အပေါ် ကုလသမဂ္ဂ က ဝေဖန် လိုက် ပါတယ်။

လောလောလတ်လတ် ပြဌာန်း လိုက်တဲ့ ဥပဒေ အရ ဒိန်းမတ် နိုင်ငံ ထဲ အသစ် ရောက်ရှိ လာကြသူတွေ အတွက် အစိုးရ အနေနဲ့ ကုန်ကျမယ့် စားရိတ်စက တစိတ်တပိုင်း ကို ကာမိဖို့ အတွက် ရွှေ့ပြောင်း ဝင်ရောက် လာသူ တွေ ပါလာတဲ့ တချို့ ပစ္စည်း ဥစ္စာ တွေကို အာဏာပိုင်တွေက သိမ်းယူခွင့် ရှိ လာပါတယ်။

ဒါ့အပြင် ဒိန်းမတ် နိုင်ငံ ထဲမှာ ဒုက္ခသည် အဖြစ် အသိအမှတ် ပြု ခံရပြီးရင် ကျန် မိသားစု ကို ခေါ်ယူဖို့ ၃ နှစ် စောင့်ရမယ် ဆိုပြီးတော့လည်း အဲဒီ့ ဥပဒေသစ်က ဆိုထားပါတယ်။

စစ်ပွဲ တွေ အတွင်းက လွတ်မြောက်အောင် ထွက်ပြေး လာကြရသူတွေ၊ အသက်နဲ့ ရင်းပြီး ထွက်ခွာ လာရသူတွေ အပေါ် စာနာ သနားမှု အရင်းခံ နဲ့ ဆက်ဆံ သင့်တယ် ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘဲန်ကီမွန်းရဲ့ ပြောခွင့်ရ စတယ်ဖန် ဒူဂျာရိခ် က ပြောပါတယ်။

ဒိန်းမတ် ဝန်ကြီးချုပ် လာစ်လူကာ ရပ်စ်မူဆင် က တော့ အခု ဥပဒေ ဟာ ဒိန်းမတ် နိုင်ငံ သမိုင်းမှာ နားလည် သဘော ပေါက်မှု အလွဲ အခံရဆုံး ဥပေဒ ဖြစ်တယ် လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ