ကုလထွေချုပ်က အကြမ်းဖက်ဝါဒ အားပေးစကား ပြောတယ်လို့ အစ္စရေး ၀န်ကြီးချုပ် ဝေဖန်

  • 26 ဇန်နဝါရီ 2016
benjamin_netanyahu ဓာတ်ပုံ မူပိုင် Getty
Image caption အကြမ်းဖက် ပြုမူတာ မှန်တယ် ဆိုပြီး ဘယ်လို ဆင်ခြေမျိုးမှ ပေးလို့ မရနိုင် ဘူး လို့ ဝန်ကြီးချုပ် နာတန်ယာဟု က ပြော။

အစ္စရေး နဲ့ ပါလက်စတိုင်းကြား ဆက်လက် ဖြစ်ပေါ် နေတဲ့ အကြမ်း ဖက်မှု တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ပြောဆို ခဲ့တဲ့ မှတ်ချက် တွေ အပေါ် အစ္စရေး ဝန်ကြီး ချုပ် ဘန်ဂျမင် နာတန်ယာဟု က ဝေဖန် လိုက်ပါတယ်။

ဂျူး အရပ်သား တွေ ဓားနဲ့ တိုက်ခိုက် ခံလာရတဲ့ အဖြစ်တွေ ကို ကုလ သမဂ္ဂ အတွင်း ရေးမှုး ချုပ် ဘဲန်ကီမွန်း က ရှုတ်ချ ပြောဆို ခဲ့ပါတယ်။

ဒါပေမယ့် ကိုယ့် ဒေသ အသိမ်းပိုက် ခံ နေရတဲ့ အဖိနှိပ်ခံ ရဲ့ လူ့ သဘော သဘာဝ အတိုင်း တုံ့ပြန် ပြုမူ လာပုံ တွေကို အစ္စရေး အစိုးရ ရဲ့ လုံခြုံရေး စီမံ ဆောင်ရွက်ချက် တွေသက် သက် နဲ့ ဖြေရှင်း နိုင်မှာ မဟုတ်ဘူး ဆိုပြီး တော့လည်း မစ္စတာ ဘန် က ပြော ခဲ့ပါတယ်။

မစ္စတာ ဘန် ရဲ့ အဲဒီလို ပြောဆို မှုဟာ အကြမ်းဖက် ဝါဒ ကို အားပေးအားမြှောက် လုပ်ရာ ရောက်တယ် ဆိုပြီး အစ္စရေး ဝန်ကြီး ချုပ် ဘန်ဂျမင် နာတန်ယာဟု က တုံ့ပြန် ဝေဖန် လာတာ ဖြစ်ပါတယ်။

အကြမ်းဖက် ပြုမူတာ မှန်တယ် ဆိုပြီး ဘယ်လို ဆင်ခြေမျိုးမှ ပေးလို့ မရနိုင် ဘူး လို့ ဝန်ကြီးချုပ် နာတန်ယာဟု က ပြောတဲ့ အပြင် ကုလသမဂ္ဂ အဖွဲ့ အစည်း အနေနဲ့ ဘက်မလိုက်ပဲ ကြားနေရမယ် ဆိုတဲ့ မူ လည်း ပျောက်ဆုံး ခဲ့တာ အချိန်အတန် ကြာ နေပြီ လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ