ပူတင် အကျင့်ပျက်မှု သက်သေပြဖို့ ရုရှား ပြော

  • 26 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AP
Image caption မစ္စတာ ပူတင်ဟာ နှစ်ပေါင်းများစွာ အဂတိ လိုက်စား ခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေး ဌာနက ပြော။

ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် အဂတိ လိုက်စားတယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနက ဘီဘီစီကို ပြောခဲ့ပြီးနောက် ကရင်မလင် နန်းတော်က အဲဒီ စွဲချက်အတွက် သက်သေပြဖို့ တောင်းဆို လိုက်ပါတယ်။

ဒါဟာ တရားဝင် စွပ်စွဲချက်လည်း ဖြစ်သလို လုပ်ကြံ ပြောဆိုတဲ့ ထွင်လုံး တစ်ခုလည်း ဖြစ်တယ်လို့ ကရင်မလင် နန်းတော် ပြောခွင့်ရ ဒမစ်ထရီ ပက်စ်ကော့ဗ်က သတင်းထောက် တွေကို ပြောပါတယ်။

မစ္စတာ ပူတင်ဟာ နှစ်ပေါင်း အတန်ကြာကြာ ကတည်းက အကျင့်ပျက် ခြစားခဲ့တာ လို့ အမေရိကန် ဘဏ္ဍာရေးဌာန အကြီးအကဲ Adam Szubin က ဘီဘီစီ မြင်ကွင်းကျယ် အစီအစဉ်ကို ပြောခဲ့တာပါ။

အမေရိကန် အနေနဲ့ သမ္မတ ပူတင်ကို အခုလို တိုက်ရိုက် စွပ်စွဲ ပြောဆိုတာဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က ခရိုင်းမီးယားကို ယူကရိန်း ဆီကနေ ရုရှားက ဖဲ့ယူ ခဲ့ပြီးနောက် ကရင်မလင် နန်းတော်ထဲက သမ္မတ ပူတင်နဲ့ နီးစပ်သူတွေကို ဝါရှင်တန်က ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ခဲ့ သလို၊ အီးယူ ကလည်း ရုရှား ထိပ်တန်းအလွှာနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေ၊ ပုဂ္ဂိုလ်တွေကို ဒဏ်ခတ် ပိတ်ဆို့ ခဲ့ပါတယ်။

အဲဒီ အချိန်ကတော့ အမေရိကန် အစိုးရက သမ္မတ ပူတင်ရဲ့ လျှို့ဝှက် ရင်းနှီးမြှုပ်နှံမှုတွေ စွမ်းအင် ကဏ္ဍမှာ ရှိနေတယ်လို့ ပြောခဲ့ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ