ပြင်သစ် အစီအစဉ် ဆန့်ကျင်တဲ့ တရားရေးဝန်ကြီး နုတ်ထွက်

  • 27 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စက် Taubira က ပြင်သစ်ရဲ့ လူမည်း ထိပ်တန်း နိုင်ငံရေးသမား အနည်းငယ်ထဲက တစ်ဦး ဖြစ်။

ပြင်သစ် နိုင်ငံမှာ အကြမ်းဖက်မှုနဲ့ ပြစ်မှု ထင်ရှားသူတွေကို နိုင်ငံသား အဖြစ်ကနေ ရုပ်သိမ်းမယ့် အစီအစဉ် အတွက် အခြေခံ ဥပဒေမှာ ပြင်ဆင်ချက် ထည့်သွင်းဖို့ ကြိုးစား နေချိန်မှာ တရားရေး ဝန်ကြီး ဖြစ်တဲ့ မစ္စက် Christiane Taubira ဟာ ရာထူးကနေ နုတ်ထွက် သွားပါတယ်။

အဲဒီလို နိုင်ငံသား အဖြစ်ကနေ ရုပ်သိမ်းဖို့ အဆိုပြုချက်ဟာ နိုဝင်ဘာ ပဲရစ် တိုက်ခိုက်မှု နောက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ ဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်တွေ အနက် တစ်ခု ဖြစ်ပါတယ်။

အငြင်းပွားဖွယ်ရာ ဖြစ်နေတဲ့ အဲဒီ အဆိုပြုချက်ကို ကန့်ကွက်သူတွေ ထဲမှာ တရားရေး ဝန်ကြီး မစ္စက် Taubira လည်း အပါအဝင် ဖြစ်ပါတယ်။

ဒီ အဆိုပြုချက်ကို အခြေခံ ဥပဒေမှာ တကယ်တမ်း ပြင်ဆင် ထည့်သွင်းဖို့နဲ့ ပတ်သက်ပြီး ပြင်သစ် နိုင်ငံမှာ အကြီးအကျယ် ငြင်းခုန်မှုတွေ ရှိနေတယ်လို့ ပဲရစ်မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဝန်ကြီးချုပ် Manuel Valls က လာမယ့် ကြာသပတေးနေ့မှာ အဲဒီ နိုင်ငံသား အဖြစ်ကနေ ရုပ်သိမ်းမယ့် အစီအစဉ်ကို ပါလီမန်ကို တင်သွင်းမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ