ကုမ္ပဏီကြီးတွေ အခွန် မရှောင်နိုင်ဖို့ OECD နိုင်ငံတွေ သဘောတူစာချုပ် လက်မှတ်ထိုး

  • 27 ဇန်နဝါရီ 2016
andreas_schleicher_oecd_ ဓာတ်ပုံ မူပိုင် AFP
Image caption ကုမ္ပဏီ ကြီးတွေ အနေနဲ့ သူတို့ အလုပ်တွေ ထားရှိရာ နိုင်ငံတိုင်းမှာ သူတို့ ရရှိတဲ့ အမြတ်ငွေ နဲ့ ပေးဆောင် ရတဲ့ အခွန် ပမာဏ တွေကို ထုတ်ဖော် ကြေညာ ရမယ်။

ပြင်သစ် နိုင်ငံ ပဲရစ်မြို့တော် မှာ ရုံးချုပ် ထားရှိထားတဲ့ စီးပွားရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး နဲ့ ဖွံ့ဖြိုးရေး အဖွဲ့ OECD ရဲ့ ရုံးခန်းမှာ နိုင်ငံပေါင်း ၃၀ ကျော် ပါဝင် လက်မှတ် ရေးထိုးကြတဲ့ သဘောတူညီ မှု တစ်ရပ် ရရှိ လာပါတယ်။

ပြင်သစ်နဲ့ ယူကေ အပါအဝင် အခု လက်မှတ် ရေးထိုး လိုက်ကြတဲ့ နိုင်ငံတွေကြား နိုင်ငံတကာ ကုမ္ပဏီ ကြီးတွေနဲ့ ပတ်သက်တဲ့ အခွန်အကောက် ဆိုင်ရာ သတင်း အချက်အလက် တွေ မျှဝေ အသိပေး ကြဖို့ သဘောတူ ခဲ့ကြတာ ဖြစ်ပါတယ်။

ကုမ္ပဏီ ကြီးတွေ အနေနဲ့ သူတို့ အလုပ်တွေ ထားရှိရာ နိုင်ငံတိုင်းမှာ သူတို့ ရရှိတဲ့ အမြတ်ငွေ နဲ့ ပေးဆောင် ရတဲ့ အခွန် ပမာဏ တွေကို ထုတ်ဖော် ကြေညာ ရမှာ ဖြစ်ပြီး အဲဒီ သတင်း အချက် အလက် တွေ ကို နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား မျှဝေ ကြမှာ ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင် လာတာဟာ နိုင်ငံတကာ ကုမ္ပဏီ တွေ ကို အခွန် တွေ ပိုမို ပေးဆောင် လာစေဖို့ ကြိုးစားတဲ့ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် အဖြစ် ရှုမြင် နေကြပါတယ်။

အခုလို လုပ်ဆောင် ကြဖို့ ပြီးခဲ့တဲ့ နှစ် စက်မှု ထိပ်သီး နိုင်ငံ ၂၀ G20 အစည်းအဝေး မှာ ကတည်းက ဆုံးဖြတ် ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ