ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေး အများသုံးထိ ရနိုင်ဖို့ ၁၀စုနှစ်ချီပြီး အချိန်ယူရနိုင်

  • 27 ဇန်နဝါရီ 2016
zika_prevention_promo ဓာတ်ပုံ မူပိုင် AP
Image caption ဇီကာ ဗိုင်းရပ်စ် ကူးစက် ခံရတဲ့ မိခင် ဗိုက်ထဲက သန္ဓသားတွေမှာ ဦးနှောက် ဖွံ့ဖြိုးမှု ထိခိုက်။

ဇီကာ ဗိုင်းရပ်စ် ကူးစက်မှု ကို ထိန်းချုပ်နိုင်တဲ့ ကာကွယ်ဆေး ကို လူအများ အတွက် ထုတ်လုပ် ဖြန့်ဖြူး နိုင်ဖို့ ၁၀ စုနှစ် နဲ့ချီ ကြာနိုင်တယ် ဆိုပြီး အမေရိကန် သုတေသီ တွေ က သတိပေးလိုက် ပါတယ်။

ခြင် က တဆင့် ကူးစက် တဲ့ ဇီကာ ဗိုင်းရပ်စ် ပြန့်နှံမှု အကြီးအကျယ် ဖြစ်လာ နိုင်တယ် ဆိုပြီး တော့လည်း တက္ကဆက် ပြည်နယ် တက္ကသိုလ် က သိပ္ပံ ပညာရှင် တွေက ပြောပါတယ်။

ဇီကာ ဗိုင်းရပ်စ် ကူးစက် ခံရတဲ့ မိခင် ဗိုက်ထဲက သန္ဓသားတွေမှာ ဦးနှောက် ဖွံ့ဖြိုးမှု ထိခိုက် ရတယ် ဆိုပြီး ဆက်စပ် ထားကြ ပါတယ်။

သမ္မတ အိုဘားမား က လည်း ဇီကာ ဗိုင်းရပ်စ် ကူးစက် မှု ထိန်းချုပ်ရေး ကို အရေးတကြီး သဘောထား ကိုင်တွယ် ကြဖို့ ဆော်ဩ နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ