ဇီကာဗိုင်းရပ်စ်အရေး အမြန်လုပ်ဆောင်ဖို့ အိုဘားမားပြော

  • 27 ဇန်နဝါရီ 2016
ဓာတ်ပုံ မူပိုင် Getty
Image caption ဦးခေါင်းအရွယ် ပုံမှန်ထက် သေးတဲ့ ကလေးငယ်တွေ အနေနဲ့ တစ်ဘဝလုံး အခက်အခဲနဲ့ ရင်ဆိုင်ရနိုင်ဖွယ် ရှိ။

ဦးနှောက် မဖွံ့ဖြိုးတဲ့ ကလေးငယ်တွေ မွေးဖွားလာမှုနဲ့ ဆက်စပ်နေတဲ့ ဇီကာ ဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်ရေး အတွက် လုပ်ဆောင်မှုတွေ အမြန်ဆုံး ဆောင်ရွက်ကြဖို့ အမေရိကန် သမ္မတ အိုဘားမားက တိုက်တွန်း လိုက်ပါတယ်။

ဇီကာ ဗိုင်းရပ်စ် ကာကွယ်ဆေး တွေနဲ့ ကုသရေး နည်းလမ်းတွေ ဖော်ထုတ်ရာမှာ အရှိန်မြှင့် ဆောင်ရွက်မှ ဖြစ်မယ်လို့ သူက ဆိုပါတယ်။

ဇီကာ ဗိုင်းရပ်စ်ဟာ တောင်နဲ့ မြောက် အမေရိက တခွင်လုံး နီးပါးကို ကူးစက် ပျံ့နှံ့ နိုင်တယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ပြောခဲ့ပါတယ်။

အခုချိန် အထိ တောင်နဲ့ မြောက် အမေရိကနဲ့ ကာရစ်ဘီယံ ဒေသတွေက နိုင်ငံ ၂၁ နိုင်ငံမှာ ဇီကာ ဗိုင်းရပ်စ် ကူးစက်မှုကို တွေ့ရှိ ခဲ့ပြီး ဖြစ်ပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေ အစိုးရိမ်ဆုံးကတော့ ဇီကာ ဗိုင်းရပ်စ်ကြောင့် အမိဝမ်းတွင်းက သန္ဓေသားကို ထိခိုက် စေတဲ့ အချက် ဖြစ်ပါတယ်။

ဦးခေါင်းအရွယ် ပုံမှန်ထက် သေးတဲ့ ကလေးငယ်တွေ မွေးဖွားတဲ့ အရေအတွက်ဟာ ဘရားဇီးမှာ တိုးတက် လာခဲ့ပြီး အမေရိက တောင်ပိုင်းနဲ့ အလယ်ပိုင်း နိုင်ငံတွေမှာ အမျိုးသမီးတွေကို ကိုယ်ဝန် မဆောင်ကြဖို့ ပြောထား ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ