အီရန်က သန်းထောင်ပေါင်းများစွာ တန်တဲ့ စီးပွားရေးစာချုပ် ပြင်သစ်နဲ့ ချုပ်ဆို

  • 28 ဇန်နဝါရီ 2016
rouhani_
Image caption ဒေါ်လာ ၂၅ ဘီလျံ တန်ဖိုး ရှိတဲ့ အရောင်းအဝယ် သတင်း ကို ကြေညာ။

ပဲရစ် မြို့တော်မှာ ရောက်ရှိနေတဲ့ အီရန် သမ္မတ ဟာဆန် ရူဟာနီ က ပြင်သစ် နိုင်ငံနေ အဲဘတ်စ် အမျိုးအစား လေယာဉ်ပျံ အစင်းရေပေါင်း ၁၁၈ စင်း ဝယ်ယူဖို့ စာချုပ် ချုပ် ဆိုလိုက် ပါတယ်။

ပြင်သစ် သမ္မတ ဖရော်န်ဆွာ အိုလော်န့် နဲ့ သမ္မတ ရူဟာနီ တို့ တွေ့ဆုံ ခဲ့ကြ အပြီး အခုလို ဒေါ်လာ ၂၅ ဘီလျံ တန်ဖိုး ရှိတဲ့ အရောင်းအဝယ် သတင်း ကို ကြေညာ ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ နဲ့ ကြား ရယူ ထားတဲ့ နျူကလီယာ သဘောတူ ညီမှု အပေါ် အီရန် ဘက်က ဘယ်လောက် ထိန်းသိမ်း လိုက်နာ မလဲ ဆိုတဲ့ အပေါ် ပြင်သစ်နဲ့ အီရန် အကြား ဆက်ဆံရေးသစ်ဟာ မူတည် နေတယ် လို့ ပြင်သစ် သမ္မတ အိုလော်န့် က ပြောပါတယ်။

ဒါ့အပြင် ဆီးရီးယား အရေး နဲ့ပတ်သက်ပြီး တော့လည်း ဆီးရီးယား နိုင်ငံ ထဲ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ထွန်း လာနိုင်ဖို့ ညှိနှိုင်း ဆွေးနွေးပွဲ တွေ တတ်နိုင် သလောက် မြန်မြန် စတင်ကြပါ ဆိုပြီး သမ္မတ အိုလော်န့် က အီရန် သမ္မတ ရူဟာနီ နဲ့ ပူးတွဲ ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တိုက်တွန်း သွားပါတယ်။

သမ္မတ ရူဟာနီက တော့ အီရန် ရဲ့နျူကလီယာ ရည်မှန်းချက် နဲ့ ပတ်သက်ပြီး လိုက်နာ မယ်လို့ ကတိ ပေး ထားတာ တွေ နဲ့ အညီ ဆောင် ရွက် မှာ ဖြစ်တဲ့ အကြောင်း ပြောခဲ့ သလို၊ ဆီးရီးယား အရေး ကို ပြောရာ မှာတော့ ဆီးရီးယား နိုင်ငံ ထဲက အကြမ်းဖက် ဝါဒ ပြဿနာ ကို ချေမှု န်း နိုင်ဖို့ က အဓိက ဖြစ်ပြီး ဆီးရီးယား အစိုးရ ခေါင်းဆောင် ဘယ်သူ ဘယ်ဝါ ဆိုတာ က အဓိက မကျ ဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ